Wednesday, July 22, 2015

သင့်ဖုန်း ပျောက်သွားလို့ သင့်အကောင့်တွေအတွက် စိတ်ပူနေသလား ?

သင့်ဖုန်း ပျောက်သွားလို့ သင့်အကောင့်တွေအတွက် စိတ်ပူနေသလား ?


ဒီတစ်ခါကျတော်ပြောချင်တဲ့အကြောင်းအရာကတော့ မိမိတို့ရဲက G-mail,
Facebook Account , COC တွေဝင်ထားတဲ့ ဖုန်း ပျောက်ဆုံးသွားတဲ့အခါ
မှာ သင်တို့ရဲ့ အကောင့်တွေအတွက် လုံခြုံစိတ်ချစွာ  Log Out လှမ်းလုပ်
တဲ့နည်းလမ်းပဲဖြစ်ပါတယ်။ အရင်ဆုံး Facebook Account ကို အရင်လုပ်
ပြပါ့မယ်။ ဒီနည်းလမ်းကတော့ Pro သမားတွေအတွက်ကတော့ Easy ဆို
ပေမယ့် ကျတော်တို့လို သာမာန် User တွေအတွက်တော့ အနည်းငယ်
ခက်ခဲပါတယ် ဒါ့ကြောင့် ရှင်းပြရခြင်းဖြစ်ပါတယ်။ ကဲ စမယ်….
အရင်ဆုံး သင့် Facebook Account ကို ၀င်ထားပါ ထို့နော့်တော့အောက်
ပါပုံအတိုင်း



Settings ထဲကို ၀င်ပါမယ်။ ထို့နောက်တော့ကျတော်တို့က General Tab
ထဲကနေ



အထက်ပါပုံအတိုင်း Password ဆိုတာကိုဝင်ပေးလိုက်ပါမယ်။ ထို့နောက်
လက်ရှိ အကောင့်ရဲ့ Password ကိုရိုက်ပြီး Password အသစ်ပြန်ပေးပါ
မယ်။ ပြီးရင်တော့ Save Changes ပေါ့.. ဒါဆိုရင်



အထက်ပါပုံအတိုင်းပေါ်လာရင် Log out of other devices ဆိုတာကို
ရွေးပေးပြီး Continue လုပ်ပေးလိုက်ပါမယ်။ ဒါဆိုရင်တော့ သင်ပျောက်
သွားတဲ့ ဖုန်းထဲက အကောင့်က Auto Log Out ဖြစ်သွားမှာဖြစ်တဲ့အတွက်
ကြောင့် စိတ်မပူပါနဲ့တော့ ။ ဒါဆိုရင် ကျတော်က ဆက်ပြီး COC & Gmail
Account ကို လှမ်းထွက်နည်းရေးပေးပါ့မယ်။ကဲ ဆက်သွားမယ်….
အရင်ဆုံး သင့် G-mail Account ထဲကို ၀င်ထားပါ့မယ်။ ထို့နောက်တော့
အောက်ပါပုံအတိုင်း



အောက်ဆုံးနားလေးက Details ဆိုတာလေးကို နှိပ်ပေးလိုက်တဲအခါ
Tab တစ်ခုအနေနဲ့ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။



ထိုနေရာမှာ Sign out all other web sessions ဆိုတာလေးကို
နှိပ်ပေးလိုက်ပါ့မယ်။ ဒါဆိုရင် သင်ပျောက်သွားတဲ့ဖုန်းထဲက COC
Account ရော Mail Account ရော Log Out ဖြစ်သွားပါလိမ့်မယ်။
ဘာမှ အခက်ကြီးမဟုတ်တဲ့အတွက်ကြေ င့် အားလုံး အဆင်ပြေမယ်
လို့ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

Tuesday, July 21, 2015

သင့် G-mail ကို 2 Step ခံလိုက်ပြီလား……

သင့် G-mail ကို 2 Step ခံလိုက်ပြီလား……




သင်သုံးနေတဲ့ G-mail တစ်ခုက သင့်အတွက်ဘာမှမဟုတ်ဘူးလို့
ထင်ရပေမယ့် တစ်ကယ်တမ်း ထိထိရောက်ရောက်သုံးတဲ့အခါမှာ
အလကားရထားတယ်ဆိုပေမယ့် သင့်လုပ်ငန်းအောင်မြင်မှုအတွက်
လည်း အလွန်အရမ်းအရေးကြီးပါတယ်။ လုပ်ငန်းတစ်ခုမှာ သင်ဟာ
ကိုယ်ပိုင် Domain ၀ယ်မသုံးပဲ G-mail ကိုပဲသုံးနေတယ်ဆိုရင် သင့်
လုပ်ငန်းတိုးတက်ဖို့အတွက် ကွန်ယက်ချိတ်ဆက်မှုအားလုံးကို Mail
ကနေတဆင့် ဆက်သွယ်ကြရတာဖြစ်ပါတယ်။ ဒီတော့က သင့်လုပ်ငန်း
တွင်း Data, Information တွေအားလုံးမပေါက်ကြားဖို့နဲ့ Hack ခံရခြင်း
မှ (75%) ကင်းဝေးနိုင်အောင် သင်တို့သုံးနေတဲ့ G-mail ကို 2 Step  ခံ
ထားကြရပါတယ်။ လုပ်ဆောင်ပုံကိုတော့ အရင် ကျွန်တော်ရေးထားပေး
ပြီးသားပါ ဒီကနေ သွားရောက်ဖတ်ရှုကြပါ။ ဒီတော့ သင့်အကောင့်ကို
2 Step ခံပြီးသွားပြီလို့ ယူဆလိုက်ပါပြီ။ ဒီတော့ အားလုံး သတိမထားမိ
တဲ့အချက်ကတော့ မိမိကတော့ မိမိအကောင့်လုံခြုံရေးအတွက် 2 Step
သာခံလိုက်တယ်။ မိမိအကောင့်ကို ဖုန်းမရှိတဲ့အချိန်မှာ ၀င်ဖို့အတွက်
ချပေးထားတဲ့ Once Time Code ၁၀ လုံးကို မမှတ်ထားမိတာပါပဲ။
အဲ့လိုမမှတ်ထားရင် ဘာတွေဖြစ်တတ်လည်း ဆိုတော့ အကယ်လို့
များ သင့်ဖုန်းပျောက်သွားတာတို့ ဘာတို့ဆိုရင် သင့် Mail ကို Access
လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျတော်ကိုယ်တိုင်ကြုံခဲ့ဖူးတာပါ။ ကျတော့
ဖုန်းပျောက်တုန်းကဆို ကံကဆိုးချင်တော့ ဖုန်းပျောက်မယ့် အချိန်နဲ့
ရုံးက ကွန်ပျူတာကို Window အသစ်ပြန်တင်ထားတဲ့အချိန်ဖြစ်နေ
တော့ အကောင့်ထဲဝင်ဖို့ကို Code မရောက်ပဲ။ တစ်ပတ်လောက်ရုံး
Mail နဲ့ အဆက်သွယ်ပြတ်ဖူးပါတယ်။ ဒါကြောင့် သင်တို့လည်း ထိုသို့
မဖြစ်ရအောင် Once Time Code ကို ဘယ်လိုယူထားမလည်းဆိုတာနဲ့
မြန်မာပြည်မှာ ဖုန်းလိုင်းမကောင်းတဲ့အခါမှာ Code ကို ဘယ်လိုယူမလည်း
ဆိုတာလေး ပြပါ့မယ်။ ကဲ စပြီဗျာ… Let’s start the Show….
အရင်ဆုံး မိမိအကောင့်ထဲဝင်ပြီးသွားပြီဆို့ရင်အောက်ပါပုံအတိုင်း



မှာ My Account ကို နှိပ်လိုက်ပါမယ်။ ပြီးသွားရင်တော့နောက်ထပ် Tab
တစ်ခုအနေနဲ့ ပေါ်လာပါလိမ့်မယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ အမဲရောင်လေးထောင့်ကွက်လေးထဲက
Sign-in & security ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ 2 –Step Verification ဆိုတာကို နှိပ်လိုက်
ပါမယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်းပေါ်လာရင်တော့



Show Backup Codes ဆိုတာကိုနှိပ်လိုက်ပါ့မယ်။




ထိုအခါ Tab တစ်ခုအနေနဲ့ အနီရောင်အကွက်ထဲက ကုတ်ဒ ၁၀ ခုကို
ဖော်ပြပါလိမ့်မယ်။ ဒီနေရာက အသက်ပါပဲ ဘာလို့လည်းဆိုတော့
သင်ဟာ သင့် G-mail ကို 2 Step ခံထားတယ်ဆိုရင် အကယ်လို့ အပေါ်
မှာပြောခဲ့သလို သင့်ဖုန်းကို သင်ကိုယ်တိုင် Access မလုပ်နိုင်တဲ့အခါမှာ
ထို ကုဒ် ၁၀ လုံးထဲက တစ်လုံးကို တစ်ကြိမ်သာသုံးခွင့်ရှိတာကြောင့်
ထိုကုဒ် ၁၀ လုံးကို Diary စာအုပ်ထဲမှာဖြစ်ဖြစ် ကူးရေးထားရပါမယ်။
ဒါမှ သင့်အကောင့်ထဲကို သင်ပြန်ဝင်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ချက်
က မြန်မာပြည်မှာ ဖုန်းလိုင်းမကောင်းလို့ Verification Code ကို ပြန်
မပို့နိုင်တဲ့အခါမှာ သင့်ဖုန်းထဲမှာ Google Authenticator ဆိုတဲ့
App ကို Play Store ကနေဒေါင်းပြီးသွင်းထားလိုက်ပါမယ်။
လိုချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေဒေါင်းပါမယ်။ ထို့နောက်တော့



အထက်ပါပုံအတိုင်းမှ Get codes via our mobile app instead ဆိုတဲ့
နေရာမှာ Switch to app ဆိုတာကို နှိပ်လိုက်ပါ့မယ်။



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ သင်ဟာ ဘယ်ဖုန်းအမျိုးအစားကို
ကိုင်နေတာလည်း သင်ကိုင်တဲ့ဖုန်းအမျိုးအစားအတိုင်းရွေးချယ်ပြီး
Continue ကိုနှိပ်ပေးလိုက်ပါ့မယ်။ ကျတောကတော့ Android အစုတ်
လေးကိုင်နေတာမို့လို့ Android အစုတ် လို့ရွေးလိုက်ပါတယ်။ဒီနောက်
တော့ သင့်ဖုန်းထဲကနေပြီး



Google Authenticator ကိုဖွင့်ပြီး ညာဘက်နားက အစက်လေး ၃စက်
ကိုနှိပ်လိုက်ပြီး Set up account ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ပြီးသွားရင်



Scan a barcode ဆိုတာကိုရွေးလိုက်ပါ့မယ်။ ဒါဆိုရင်တော့သင့်ဖုန်းထဲက
Scan software တစ်ခုခုနဲ့



ဖတ်ပါ့မယ်။



ကြုံတုန်း Mouse Pad လေးကြွားတာပါ :P ကဲ ဆက်ရအောင် သင့်
ကွန်ပျူတာ မျက်နှာပြင်က QR (Quick Respond ) Code ကို Scan
လုပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့



သင့်အကောင့်နဲ့ ပတ်သက်ပြီး Code တွေဖော်ပြပေမယ့် အကောင့်
တစ်ခုကို ထည့်ပြီးသွားပြီဖြစ်ပါတယ်။ ဒီတော့ ကွန်ပျူတာဘက်ကို
ပြန်သွားပါ့မယ်။



အထက်ပါအတိုင်း မိမိ GA ထဲက စက္ကန့် ၃၀ တိုင်းဖော်ပြပေးတဲ့ Code
ကိုရိုက်ထည့်လိုက်ပါ့မယ်။ ပြီးရင်တော့ Verify and save ဆိုတာကို
နှိပ်ပေးလိုက်ပါ့မယ်။ဒါဆိုရင်တော့အောက်ပါ့ပုံအတိုင်း



ပေါ်လာရင် သင့်အကောင့်အတွက် လုပ်စရာရှိတာတွေလုပ်ပြီးသြွးပြီဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေနားလည်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


Monday, July 20, 2015

Blue Screen of Death အကြောင်းတစေ့တစောင်း….

Blue Screen of Death အကြောင်းတစေ့တစောင်း….



ကျွန်တော်တို့ Microsoft Windows အသုံးပြုသူတိုင်း ကြုံတွေ့ဖူးကြရတဲ့
Error တစ်မျိုးပါပဲ…. ဒါကို Blue Screen of Death (BSODs) လို့ခေါ်ပါတယ်။
BSODs ကို ဘယ်လိုရှင်းမလည်းဆိုတာ မပြောခင်မှာ ဘာကြောင့် BSODs ဖြစ်
ရသလည်းဆိုတာကို အကြမ်းဖျဉ်းလေးပြောပြချင်ပါတယ်….
တစ်ကယ်တမ်း BSoD တက်တယ်ဆိုတာကတော့ သာမာန်အားဖြင့် Hardware
Error ကြောင့်ပါ။ ဘယ်အချက်တွေကို သာမာန်အားဖြင့်ခေါ်သလည်း ဆိုရင်
Memory Dump ဖြစ်တာတွေ၊ HDD Crush ဖြစ်တာတွေကတော့ ယေဘုယျ
အားဖြင့် BSoD တက်ဖို့အတွက် အာလားအလာတွေပါပဲ…. သို့ပေသိ တစ်ခါ
တစ်ရုံ Video Editing Software လိုမျိုး… Memory Load များစေမယ့် Software
လိုမျိုး၊ VGA Load များစေမယ့် Software လိုမျိုး တင်လိုက်တဲ့အခါမှာလည်း
ထိုကဲ့သို့သော BSoD ဖြစ်တတ်ပါတယ်။ ဒီလို BSoD ဖြစ်ပြီဆိုရင် ကျွန်တော်တို့
က ထို BSoD မှာပြထားတဲ့ Error Code တွေကို ဖတ်ရှုပြီးမှ ဘာကြောင့်ဖြစ်တယ်
ဆိုတာကို သိအောင်လုပ်ပြီး ဘယ်လို ရှင်းရမလည်းဆိုတဲ့ နည်းလမ်းကို ရှာဖွေ
ကြရတာပါ။ ဒီတော့ ဘယ်လိုပဲ BSoD Error တက်တက် ကျွန်တော်တို့ က
ထို Error Message Code ကို အမိအရဖတ်ကိုဖတ်ရပါမယ်။ ဒါမှလည်း ပြန်လည်
Fix လုပ်နိုင်မှာပါ။ သာမာန်အားဖြင့် BSoD ဖြစ်သွားတဲ့အချိန်ဆိုရင် Error Code
ကိုလှမ်းဖတ်ဖို့က အချိန် ခဏလေးပဲရပါတယ်။ဘာကြောင့်လည်း ဆိုတော့
System Restart က အရမ်းမြန်လို့ပါပဲ… ဒီတော့ အဲ့ဒီအချိန်မှာ Restart ကျ
သွားတာကို အချိန်ဆွဲထားနိုင်ဖို့ ကွန်ပျူတာတိုင်း မရှိမဖြစ် လုပ်ကိုလုပ်ဆောင်
ရမယ့် အချက်လေးစပြောပါပြီ အရင်ဆုံး My Computer ကို Right Click ထောက်
ပြီး System Properties ကိုသွားပါမယ်။


ထို့နောက်တော့ Advanced System Settings ထဲကိုဝင်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါအတိုင်းပေါ်လာတဲ့အခါမှာ Settings ကို နှိပ်လိုက်ပါမယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှ Automaticall restart ဆိုတာလေးကို
အမှန်ခြစ်ဖြုတ်ပေးထားပါမယ်။ ဘာကြောင့် အမှန်ခြစ်ဖြုတ်ရသလည်းဆို
တော့ သင်သုံးနေတဲ့ Operating System ကရုတ်တရက် Error တက်
သွားတဲ့အခါမှာ System ကို အလိုအလျောက် ချက်ချင်း Restart လုပ်ခိုင်း
ခြင်းကို ရပ်တန့်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုရပ်တန့်လိုက်ခြင်းအားဖြင့်
BSoD ဖြစ်တဲ့အခါ ဖော်ပြမယ့် Error Code ကို အလွယ်တကူဖတ်ရှုနိုင်
မှာဖြစ်ပါတယ်။ကဲ… BSoD Error Code ကို ဖတ်လို့ရပြီဆိုရင် ဆက်သွား
၇အောင်…. ပုံမှန်အားဖြင့် ဘယ်လိုပဲ BSoD ဖြစ်ဖြစ် ပြထားတဲ့ Message
တိုင်းမှာ Hint တစ်ခုစီပေးထားတတ်ပါတယ်။ အဲ့ဒီ Hint တွေကို ယေဘုယျ
အားဖြင့် နားလည်ထားရပါတယ်။ ပုံလေးတစ်ခုနဲ့ ပြပါမယ်



အထက်ပါပုံအတိုင်းပေါ့…. အဓိကကတော့ ကျွန်တော်တို့က Error Code
ကိုဖတ်ဖို့က Technical Information ဆိုတဲ့နေရာမှာ STOP Code ကို
ဖတ်ရမှာဖြစ်ပါတယ်။ အများကြီးလိုက်မှတ်စရာမလိုပါဘူး 0x000000 ရဲ
အနောက်က D1 ဆိုတဲ့နေရာပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးပဲ တက်လာတက်လာ
အဲ့နောက်က Code ကို မိအောင် ဖတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ဘာ
ကြောင့်ဖြစ်တယ်ဆိုတာကိုသိပြီး ဘယ်လိုရှင်းရမယ်ဆိုတာကိုသိရှိနိုင်
မှာဖြစ်ပါတယ်။ ရှာရင်းဖွေရင်း ကျွန်တော်ရှာတွေ့မိသွားတာလေးရယ်
ကျွန်တော့် ဘလော့ထဲမှာပဲ တင်ထားပြီးသားဖြစ်တဲ့ BSoD Error Code
260 ကျော်ကို Text ဖိုင်လေးနဲ့ ဒီကနေဒေါင်းပါမယ်တင်ပေးထားပါတယ်။
ကဲ ဘယ်လိုကုဒ်ပဲလာလာ အကြမ်းဖျဉ်းလေးရှင်းရမယ့် ပုံစံလေးတွေ
ကို ထပ်ရှင်းပြပေးပါ့မယ်။
ဖြေရှင်းချက် (၁)
BSoD ဖြစ်ပြီးဆိုရင် အရင်ဆုံး Hardware တွေကို Replacement လုပ်
ရပါမယ်။ ပထမတစ်ခုအနေနဲ့ RAM (Memory) ကို Replace လုပ်ပါမယ်။



Memory ကိုဖြုတ်ပြီး ကြေးပြားလေးတွေကို ခဲဖျက်နဲ့ ဖြစ်စြဖ်၊ A4 စက္ကူ သန့်
သန့်လေးနဲ့ ဖြစ်ဖြစ်။ အသာလေးပွတ်ပြီး Band ထဲကို ပြန်ထည့်ပါမယ်။ မထည့်
ခင်မှာလည်း Memory Band ထဲမှာ ဖုန်မှုန့်တွေမရှိအောင် စုတ်တံလေးနဲ့ သန့်
ရှင်းရေးလုပ်ပေးရပါမယ်။ထို့နောက်တော့ HDD (Hard Disk Drive) ကို Replace
လုပ်ပါ့မယ်။



ဆိုလိုတာက လက်ရှိ ဆက်သွယ်ထားတဲ့ Connector တွေကို ဖြုတ်ပြီး
အသေအချာပြန်တပ်တာကိုဆိုလိုတာပါ…နောက်တစ်ခုကတော့ Power
Supply Connectors တွေကို Replacementဲပြန်လုပ်တာပါ
ဘာကြေ င့်လည်းဆိုတော့ Power Source တွေကို ပုံမှန်လည်ပတ်စီးဆင်း
နိုင်အော်င Fit လုပ်ခြင်းဖြစ်ပါတယ်။ ဒါကတော့ ပထမလုပ်ဆောင်ချက်တွေ
ပဲဖြစ်ပါတယ်။




ဖြေရှင်းချက် (၂)
နောက်ထပ်ဖြေရှင်းချက်ကတော့ ၀င်းဒိုး စတက်တက်ချင်းမှာ မလိုအပ်
တာတွေ မတက်လာနိုင်အောင် Safe Mode ထဲကနေ ၀င်တဲ့နည်းဖြစ်
ပါတယ်။ ဘာကြောင့် OS ကို Services လုပ်ရင် Safe Mode ကနေ
ဝင်ရသလည်းဆိုတော့ အကယ်လို့ Virus တွေကိုက်နေရင်လည်း
Safe mode ထဲမှာ Virus က သူ့သက်ဆိုင်ရာ ဟန်ဆောင်ထားသော
Driver တွေ တက် မ Run နိုင်အောင် မလိုအပ်သော Driver တွေ
Services တွေပိတ်ပြီး အလုပ်လုပ်သောကြောင့် Safe Mode က
System Maintain လုပ်ဖို့ အသင့်လျော်ဆုံးနေရာစြဖ်ပါတယ်။
ဒါကြောင့် Safe Mode ထဲကို ၀င်ဖို့က ပါဝါစဖွင့်ဖွင့်ချင်းကတည်းက
ကီးဘုတ်ကနေ F8 ကို နှိပ်ထားပြီး ၀င်ရပါတယ်။



ထို့နောက်တော့ Safe Mode ကနေ OS တက်လာပြီဆိုရင်တော့
Run Box ထဲမှာ “msconfig” လို့ရိုက်လိုက်ပါမယ်။ ပြီးသွားရင်တော့



အထက်ပါပုံအတိုင်း Startup Tab ထဲကနေပြီးတော့ Disable all ဆိုတာကို
နှိပ်ပြီး Apply , Close နှိပ်ပေးလိုကပါမယ်။ ဒါတွေကတော့ သာမာန်အားဖြင့်
ဖြေရှင်းတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ အားလုံးပဲ နားလည်သဘောပေါက်
မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ တစ်စုံတစ်ရာမရှင်းလင်းမှုများအတွက်
လည်း ကျတော့ထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

Thursday, June 25, 2015

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း.

Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း.


 Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်
ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max
လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း
ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… အဲ့မှာ ကံဆိုးတာက Hacked
သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step
ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်း ဆို
တော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ပဲတနေ့
တခြား User Security ကို အလေးနည်းနည်းပေးလာတာကိုတွေ့ရပါတယ်။
ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themes
တွေပြောင်းလာပြီးကတည်းကပေါ့။ ဒီအကောင့်အတွက်ကံကောင်းတာတစ်ခု
လို့ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်
တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့
မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့
ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလည်းဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။
ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီး
ပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်။



ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ဒီ
တော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ဒါဆို
ရင်တော့ အောက်ပါပုံအတိုင်း



ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)
ကိုရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှ အရေးကြီးပါတယ်။ သင့်အကောင့်
ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Information
လိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့
က Continue ကို နှိပ်လိုက်ပါမယ်။ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်။



ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို
2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်
တို့က Info ကို အတိအကျသေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူး
ဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mail
ကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mail
ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့
Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်
တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံခံထားတဲ့ ဖုန်းကို
ဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာဖြစ်
ပါတယ်။ ပြီးသွား၇င်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အောက်
ပါပုံအတိုင်း



ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့
နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်
လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်
အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်
တော့



အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက်
လျော့သွားကြတဲ့နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။
ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့
နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့
ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ်အခက်အခဲရှိတဲ့ လူတွေကို
ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။
ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့



I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။
ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေး
တော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်။







ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်
ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ……



ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲ
တစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေ
ပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။
ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.com
ဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့
ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲ
မလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXX
ဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Code
ကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့
အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်း
မှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှ
အင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်
ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနက
မလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်
ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်
တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်း
ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံး
ထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ



အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IP
သုံးပီးဝင်သွားသလည်း ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှ
ကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိ
နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့
www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။
ဒါဆိုရင် သူ့ရဲ့ Location ကို




အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကို
Hide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကို
hack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို "မင်းအကောင့်ပြန်လိုချင်ရင် 
USD 50 ပေးရင်ပြန်ရမယ်" ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ဒါကြောင့် ပါပြီး
ပြီးချင်း မိမိ ရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီ
တောင်းပြီး ပြန်လည်ရယူနိုင်ပါတယ်။.......ကဲ ဒီလောက်ဆို အဆင်ပြေ
မယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့
မှာ ကောင်းသော အမြင်ကို ရနိုငသလို အချို့မှာလည်း မကောင်းသော အမြင်
ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာ
လေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့
www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်