Tuesday, July 9, 2013

Facebook Fun Page ကို Admin ထပ်တိုးမယ်....

How to Make Someone an Admin of Your Facebook Fan Page!!





ကျွန်တော်တို့ Facebook မှာ Fun Page တွေ၊ ကြော်ငြာ Page တွေ၊ လုပ်ငန်းနဲ့ပတ်သက်ပီးတော့ Page တွေကို အများစု Created လုပ်ကြပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ တစ်ကယ်တမ်း တစ်ယောက်တည်း မနိုင်လာတဲံအခါမျိုး တို့ မိမိကိုယ်တိုင်က မအားလပ်လို့ အမြဲတမ်း Update မလုပ်နိုင်တော့တဲ့အခါမှာ မိမိကိုယ်ပိုင် Page ကို မိမိယုံ ကြည်တဲ့သူ သို့မဟုတ် တစ်ခြားတစ်ယောက်ယောက်ကို Page Admin Permission ပေးတဲ့နည်းလေးဖြစ်ပါတယ်။

မှတ်ချက်- မိမိပေးမယ့် Admin Level လက်ခံပေးမယ့်သူကလည်း သက်ဆိုင်ရာ Facebook Account ရှိပီးသား ဖြစ်ရပါမယ်။

လုပ်ဆောင်ချက် (၁)
မိမိ Facebook Fun Page ရှိ Admin Panel ကိုသွားပါ။ထို့နောက်အောက်ဖော်ပြပါပုံအတိုင်း Edit Page ကိုနှိပ်ပါ။


လုပ်ဆောင်ချက် (၂)
ထို့နောက်အောက်ဖော်ပြပါပုံအတိုင်း Manage Admins Roles  ကိုသွားပါ


 လုပ်ဆောင်ချက် (၃)
ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း မျှားအနီလေးပြထားသော နေရာ (Add Another Admin) ဆိုတာလေးကို နှိပ်လိုက်ပါ


လုပ်ဆောင်ချက် (၄)

ထိုအခါပေါ်လာမယ့်အောက်ဖော်ပြပါ Box အတွင်းတွင် မိမိသတ်မှတ်ချင်တဲ့ Facebook User Account နာမည်ကို ရိုက်ထည့်ပါ။ အကောင်းဆုံးကတော့ Mail Address ဖြင့်ရိုက်ထည့်ပါ။




၎င်းနေရာတွင်တစ်ခုရှင်းပြချင်သည်မှာ မိမိ Add လုပ်မယ့် User ကို ဘယ် Level မှာထားမှာလည်းဆိုတာဖြစ်ပါ တယ်။သူ့ကိုလည်း မိမိအလားတူ Permission တွေသတ်မှတ်ချင်တယ်ဆိုရင်တော့ Manager Level သတ်မှတ် ပေးပီး အဲဒီလိုမှ မသတ်မှတ်ချင်တဲ့အခါ မျှားအနီလေးပြထားနေရာမှ Level များကိုသတ်မှတ်ပေးလို့ရပါတယ်။ ကျွန်တော်ကတော့ အစမ်းပြတဲ့အနေနဲက  Manager Level Permission ကိုပေးလိုက်ပါတယ်။ပီးသွားရင်တော့ Save ဆိုတာလေးကိုနှိပ်လိုက်ပါ။
လုပ်ဆောင်ချက် (၅)

ဒါဆိုရင်အောက်ဖောပြပါပုံအတိုင်း Password တောင်းတဲ့အပိုင်းကိုရောက်လာပါလိမ့်မယ်။

ဒါက သင်ပြောင်းလဲလိုက်တဲ့ Setting Configuration အတွက် Password တောင်းတာပါ။
လုပ်ဆောင်ချက် (၆)
ဒါဆိုရင်တော့ သင် အထက်ဖော်ပြပါလုပ်ဆောင်ချက်တွေအားလုံးပီးသွားတဲ့အခါမှာ သင်သတ်မှတ်လိုက်တဲ့ Admin အသစ်တစ်ယောက်က သင့် ရဲ့ FB Page ကို သင်ကိုယ်တိုင်လုပ်ဆောင်သကဲ့သို့ သူ့ဆီမှာလည်း Admin Permission ရသွားမှာဖြစ်ပါတယ်


ကဲအားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်။
နည်းပညာတွေကိုဒီထက်မကလေ့လာချင်တယ်ဆိုရင်တော့ ကျွန်တော့် ဂရုလေးများဖြစ်သော
https://www.facebook.com/groups/itsolution.mm/  (အိုင်တီနည်းပညာအခက်အခဲများဖြေရှင်းရာနေရာ)
https://www.facebook.com/groups/ithobby/ (အိုင်တီဝါသနာရှင်များ)
ဂရုတို့တွင်နည်းပညာများကိုဝင်ရောက်ဆွေးနွေး မေးမြန်း ဝေမျှပေးဖို့လည်း အကြံပြုလိုပါတယ်။
ကျေးဇူးတင်စွာဖြင့်
Cristiano Zarni @ဦးဇာနည်


2 comments: