Monday, July 29, 2013

Facebook Login Background ကို မိမိစိတ်ကြိုက်ပုံလေးတွေပြောင်းမယ်

Facebook Login Background ကို မိမိစိတ်ကြိုက်ပုံလေးတွေပြောင်းမယ်


ကျွန်တော်တို့ Google Chrome မှာ လက်ရှိ Themes ကိုပြောင်းပီး
မိမိစိတ်ကြိုက် ဓာတ်ပုံများကိုနောက်ခံအဖြစ်ထည့်သွင်းအသုံးပြုနည်း
ဖြစ်ပါတယ်။ အရင်ဆုံးလိုအပ်တဲ့ Extension ကို ဒီမှာဒေါင်းပါ
ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်



ထိုသို့ပေါ်လာပီဆိုရင် မျှားအနီရောင်လေးပြထားတဲ့ Add to Chrome
ဆိုတာလေးကိုနှိပ်လိုက်ပါ။ ဒါဆိုသူက Chrome အတွက် Extension ကို
ဒေါင်းလုပ်ဆွဲနေမှာဖြစ်ပါတယ်။ ပီးသွားတဲ့အခါမှာတော့ ကျွန်တော်တို့
Setting ထဲကိုသွားမှာဖြစ်ပါတယ် အောက်ပါပုံအတိုင်းပေါ့….



Settings ကိုနှိပ်ပီးသွားပီဆိုရင်တော့အောက်ပါပုံအတိုင်း Settings
ကို Tab တစ်ခုအနေနဲ့ပေးလာမှာဖြစ်ပါတယ်။



ဒီနေရာမှ နံပါတ်၁နေရာဖြစ်သော Extensions ကိုအရင်နှိပ်လိုက်ပါ
ပီးသွားရင် နံပါတ်၂ ဖြစ်သော ခုနက ကျွန်တော်တို့ Add လုပ်ထားတဲံ
FB Refresh ရဲ့ Option ကိုနှိပ်မှာဖြစ်ပါတယ်။ဒါဆိုရင် Tab တစ်ခုအနေ
နဲ့ထပ်မံပေါ်လာမှာဖြစ်ပါတယ်။



ထို့နောက် မျှားအနီရောင်လေးပြထားတဲ့နေရာ (Choose File) ကိုနှိပ်
ပီး မိမိထည့်ချင်သော နောက်ခံပုံကိုရွေးချယ်သတ်မှတ်ပေးရမှာဖြစ်ပါ
တယ်။မိမိစိတ်ကြိုက်ရွေးချယ်သတ်မှတ်ပီးသွားပီဆိုရင်တော့



အထက်ပါပုံအတိုင်း Save ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့
အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



ဒါဆို သင့်ရဲ့ Chrome မှာ Tab တစ်ခုခေါ်လိုက်တာနဲ့ မိမိဖန်တီးထားတဲ့
နောက်ခံပုံလေးနဲ့ Facebook ကို အလွယ်တကူဝင်လို့ရနိုင်မှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ အခက်အခဲတစ်စုံတစ်ရာရှိ
ခဲ့ပါက Comments Box ထဲမှာသာ အော်ခဲ့ပါဗျို့ :P :P :P


2 comments:

  1. အကိုရေ facebook ကို chrome Extensions မှာဘယ်လို add လုပ်လိုက်တာလဲ ကျွန်တော် Extensions ထဲဝင်လိုက်တာ facebook ကိုမတွေ့လို့ ပြောပြပါဦး

    ReplyDelete
  2. ညီလေးရေ အကို အပေါ်မှာပေးထားတဲ့လင့်ခ်ကိုနှိပ်ရုံပဲ နောက်ပီး ပုံလေးတွေနဲ့ အသေးစိတ်ဖော်ပြထားပေးတယ် တစ်ချက်လောက် အသေးစိတ်ပြန်ဖတ်ပီး စမ်းကြည့်ပါ အဆင်မပြေရင် Comments ပြန်ချပေးပါ
    လေးစားစွာဖြင့်
    အာရှသား

    ReplyDelete