Friday, July 19, 2013

HDD Regenerator လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ….

HDD Regenerator လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ….

ကွန်ပျူတာ ဆားဗစ်သမားအများစုသိကြတဲ့ HDD Regenerator လေး
ပါ။ သူ့ရဲလုပ်ဆောင်ချက်တွေကတော့ ကွန်ပျူတာမှာရှိသော Hard Disk
ကို  Bad Sector တွေစစ်မယ်။ စစ်ပီးသွားရင် Repair ပြန်လုပ်မယ်စသဖြင့်
လုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့က Bad Sector ကိုစစ်
ကြသလည်းဆိုတော့ကျွန်တော်တို့ကွန်ပျူတာအသုံးပြုသူများဟာ နေ့စဉ်
နှင့်အမျှ ဒေတာတွေကို သိမ်းဆည်းကြတယ်။ ပြန်ဖျက်ကြတယ် စသဖြင့်
ဒီလိုမျိုးတွေလုပ်ဆောင်ကြပါတယ်။ သာမာန်ဝင်းဒိုးပေါ်ကနေပီးတော့
Disk Defragment လုပ်ခြင်းတွေ၊ Disk Cleaning လုပ်ခြင်းတွေက သာ
မာန်အားဖြင့်တော့ ယာယီအဆင်ပြေပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်မှုတွေ
များလာခြင်း၊ လျှက်စစ်ဓာတ်အားရုပ်တရက်ပြတ်တော့မှုတွေကြောင့်သော်
၎င်း။ ကွန်ပျူတာအတွင်းရှိ Hard Disk မှာ Bad Sector တွေပေါ်လာပါတယ်။
ထိုသို့ပေါ်လာတဲ့အခါ ကွန်ပျူတာရဲ့ Performance တွေကျလာမယ်။
နောက်ပီး ဒေတာတွေကိုကော်ပီကူးတဲ့အချိန်၊ Paste လုပ်တဲ့အချိန်တွေ
လည်းကြာလာမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က ၃လတစ်ကြိမ်
လောက်အနည်းဆုံးလုပ်ဆောင်ပေးသင့်ပါတယ်။ယခုကျွန်တော်ပေးမယ့်
Software လေးကတော့ Full Version လေးဖြစ်ပါတယ်။ သူ့ကိုသင့်ကွန်
ပျူတာအတွင်းသွင်းလိုက်ပီး တာနဲ့ အားသာချက်တစ်ခုက Memory Stick
သို့မဟုတ် CD များပေါ်တွင် Bootable Devices အဖြစ်အလွယ်တကူသတ်မှတ်
လို့ရပါတယ်။အောက်ဖော်ပြပါပုံအတိုင်းပေါ့။ သင်က Memory Stick (USB) နဲ့
Bootable လုပ်ချင်တယ်ဆိုရင် မှင်နီရောင်အ၀ိုင်းလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
အဲဒီမှာတစ်ခုသတိထားရမှာက သင် Bootable လုပ်မယ့် Devices ထဲမှာရှိသော
ဒေတာများကိုတော့ ကြိုတင် ဘက်ကပ် လုပ်ထားရမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ သူက Data Over write လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် သင့်စတစ်
ထဲကဒေတာများက ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

မှင်နီရောင်အ၀ိုင်းလေးကို ရွေးချယ်ပီး သင့်မန်မိုရီစတစ်ကိုသတ်မှတ်လိုက်တဲ့အခါမှာ
တော့သင့်စတစ်မှာအောက်ဖော်ပြပါပုံအတိုင်းအမည်ပြောင်းသွားမှာဖြစ်ပါတယ်။

၎င်းအထဲရှိဒေတာများကတော့အောက်ဖော်ပြပါပုံအတိုင်းဖြစ်ပါတယ်


အထက်ဖော်ပြပါ ဖိုင်များကတော့ သင့်မန်မိုရီစတစ်အတွင်းတည်ရှိနေမည့်
Bootable  အတွက်လိုအပ်သော System File များပဲဖြစ်ပါတယ်။ပီးသွားရင်
တော့ သူက System ကို Restart ချမှာလားလို့မေးပါ့မယ်။ ဒီအခါမှာ ကျွန်တော်
တို့က Restart ချလိုက်ပါမယ်။သင့်ကွန်ပျူတာပြန်တက်လာတဲ့အခါမှာ
သင်တပ်ထားတဲ့ Stick ကနေစပီး Boot တက်လာပါမယ်။ဒီအခါမှာ သင့်
ကီးဘုတ်မှနေပီး “M” လို့၇ိုက်ပေးလိုက်ပါမယ်။ဒါဆိုရင်သူ့မှာရွေးချယ်စရာ
Menu တွေနဲ့ဖော်ပြပေးပါလိမ့်မယ်။ ထိုအထဲမှာ ရွေးချယ်စရာတွေကတော့
Scan & Repair
Scan only စသဖြင့် ရှိပါတယ် ဒီထဲမှာကျွန်တော်တို့က တစ်ခါတည်းကျွန်တော်
တို့ Scan စစ်ပီး  Repair လုပ်မှာဖြစ်တဲ့အတွက်ကြောင့် Scan & Repair Mode
ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင် အောက်ပါပုံအတိုင်းအရင်ဆုံး Scan စစ်
နေမှာဖြစ်ပါတယ်။

မစစ်တော့ချင်ဘူးဆိုရင်တော့ Terminate Command ဖြစ်တဲ့ ကီးဘုတ်မှ
ESC ကို တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင် သူက Map နဲကအသေး
စိတ်ဖော်ပြပေးပါလိမ့်မယ်

အားလုံးစစ်ပီးသွားပီဆိုရင်တော့ ESC, ESC နှိပ်ပီး ကီးဘုတ်မှ Ctrl+Alt+Del ကိုနှိပ်ပေး
လိုက်ရုံပါပဲ 

ဒါဆိုရင် သင့်ဝင်းဒိုးကို ပုံမှန်အတိုင်းပြန်တက်ကြည့်ပီးပေါ့ပါးသွက်လက်စွာ
သုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒီ Software ကို ကျွန်တော်တို့ Hiren’s Boot CD မှာလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်ပေးထားတဲ့ Software လေးကတော့ မန်မိုရီ
စတစ်ထဲကနေ လုပ်ဆောင်လို့လည်းရပါတယ်။ အထက်ဖော်ပြပါမရှင်းလင်းချက်
များနှင့်ပတ်သက်ပီး မေးမြန်းချက်တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့်  FB Account
သို့ Message ပို့ပီးမေးမြန်းနိုင်သလို Comment Box အတွင်းတွငလည်းမေးမြန်းနိုင်
ပါတယ်။
Software ကိုတော့ ဒီမှာဒေါင်းမယ် ဖိုင်စိုက်ဒ်က 8MB ပဲရှိလို့ဒေါင်းရတာလည်း
အဆင်ပြေမယ်လို့ထင်ပါတယ်။

ကျေးဇူးတင်စွာဖြင့်

Cristiano Zarni @ ဦးဇာနည်

4 comments:

  1. ယူသွားပါတယ်အစ် နည်းပညာအကျိုးဒီထက်မက သယ်ပိုးနိုင်ပါစေခင်ဗျာ....

    ReplyDelete
  2. အစ်ကို ဦးဇာနည်ခင်ဗျား ...
    MMiT Helper မှာ ဒီပို့စ်လေးကိုတွေ့လို့ ဒီအထိလိုက်လည်ခဲ့ပါတယ်။ ကျွန်တော်က ကွန်ပျူတာကို သုံးစွဲတတ်ရုံသာရှိလို့ ကောင်းကောင်းနားမလည်ပါဘူး။ ဒီဆော့ဖ်ဝဲကိုသုံးရင် ကွန်ပျူတာမှာရှိတဲ့ ဒေတာတွေ ပျောက်သွားနိုင်ပါသလား။ ကျွန်တော် အစ်ကို့ရဲ့ FB မှာလည်း Message နဲ့မေးထားပါသေးတယ်။ အချိန်ရရင် ဖြေပေးပါဦးခင်ဗျာ။
    အစ်ကိုတို့လို နည်းပညာဖြန့်ဖြူးပေးတဲ့သူတွေရှိလို့ ကျွန်တော်တို့ ပညာတွေ တိုးရတာကို သိပ်ပြီးကျေးဇူးတင်ပါတယ်။ ဆထက်တစ်ပိုး မျှဝေသင်ကြားပေးနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျား ... ။
    လေးစားလျက်
    Minn San Da

    ReplyDelete
    Replies
    1. တစ်ကယ်တန်းဒီ Software က Data တွေကိုဖျက်ပစ်တာမဟုတ်ပါဘူး
      သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က Bad Sector ကိုစစ်တယ် ရှိခဲံရင် ဖယ်
      ထုတ်မယ် စသဖြင့် လုပ်ဆောင်တာပါ....

      Delete
  3. ကျေးဇူးတင်ပါတယ်အစ်ကိုရေ ... ။

    ReplyDelete