Wednesday, August 21, 2013

Facebook က တင်ပီးသားဓာတ်ပုံတွေကို သူများတွေကြည့်လို့မရအောင် လုပ်ဆောင်နည်း


ကဲ... ကျွန်တော်အခုပြောချင်တာကတော့မိမိရဲ့ Facebook မှာတင်ထားတဲ့
ဓာတ်ပုံတွေကို တစ်ခြားလူတွေကြည့်လို့မရအောင် ဘယ်လိုပြန်လည်ပြောင်း
လည်းသတ်မှတ်မလည်းဆိုတာဖြစ်ပါတယ်။
မိမိ ဓာတ်ပုံတွေကို အရင်စတင်တုန်းကတော့ သူငယ်ချင်တွေကြည့်လို့ရအောင်
မိမိရဲ့ အမှတ်တရလေးတွေအနေဖြင့် တင်ခဲ့ကြဖူးကြမှာပါ။ ဒါပေမသိ တစ်ချိန်ချိန်
မှာ အေ၇းအကြောင်းကြုံလို့ မိမိဓာတ်ပုံတွေကို ပြန်လည်ပီး တစ်ခြားသူတွေကို
မကြည့်စေချင်တော့တဲ့အခါမျိုးမှာ ဘယ်လိုပြန်ပိတ်မလည်း...လွယ်ပါတယ်.....
အသေးစိတ်လုပ်ဆောင်ပုံကိုတော့ ဗွီဒီယို ဖိုင်လေးနဲ့ တင်ပြပေးထားပါတယ် ဖိုင်
စိုက်ဒ်ကလည်း သေးသေးလေးပါ။ ဘာကြောင့်ဒီလိုလုပ်ရသလည်းဆိုတော့.....
Social Media ရဲ့ အကြီးဆုံး ကွန်ယက်ဖြစ်တဲ့ Facebook ဟာ လူတစ်ယောက်ရဲ့
အကြောင်းအရာတွေကို လေ့လာစုံစမ်းဖို့အတွက် အလွယ်ကူဆုံးနေရာကြီးတစ်ခု
ဖြစ်ပါတယ်။ဆိုလိုတာက Hacking လုပ်တာမဟုတ်ပါဘူး BIO Data Tracing
Techniques ဖြစ်ပါတယ်။ နိုင်ငံခြားတွေမှာရှိတဲ့ Cyber Army တွေမှာတောင်
Online မှာ Cyber Crime ဖြစ်ပီဆိုရင် အရင်ဆုံး FB ထဲကနေ၀င်ပီး Trace
လိုက်ကြပါတယ်။ တစ်ခြားနည်းလမ်းတွေလည်းရှိပါတယ်။ ဆိုလိုတာကဗျာ
E-mail Account သိရုံနဲ့ အဲဒီ ကောင့်ပိုင်ရှင်ရဲ့ ကိုယ်ရေးအချက်အလက်အချို့
ကို ရှာဖွေလို့ရပါတယ်။နောက်တစ်ချက်က ဓာတ်ပုံသိရုံနဲ့လည်း အဲဒီလူတစ်
ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကို ရှာဖွေလို့ရပါတယ်။ ဘယ်လိုလုပ်သလည်း
ဆိုတာကတော့... ကျွန်တော်လည်း အသေးစိတ်မသိပေမယ့် ထိုသို့လုပ်လို့ရတယ်
ဆိုတာကတော့ ကျိန်းသေသိပါတယ်။ ဒါကြောင့် မိမိ တင်ထားတဲ့ Facebook ပေါ်က
ဓာတ်ပုံတွေကို တတ်နိုင်သလောက် အထူးသဖြင် မိန်းကလေးတွေ သိပ်မတင်ကြဖို့
လည်းတိုက်တွန်းလိုပါတယ်။ နည်းပညာတွေအရမ်းတိုးတက်လာတာနဲ့ အမျှ ဒီ IT
လောကကြီးက ကြောက်စရာလည်းကောင်းလာသလို လေ့လာစရာတွေလည်း အများ
ကြီးကျယ်ပြန့်လာပါတယ်။

No comments:

Post a Comment