Wednesday, August 7, 2013

Window7Login Backgrond ကိုစိတ်ကြိုက်ပြောင်းကြမယ်


ကဲဒီတစ်ခါကျွန်တော်တို့က သင့်ကွန်ပျူတာ ၀င်းဒိုး ၇မှာ
ပုံမှန်တက်နေကျ ဖြစ်တဲ့ Default Login Screen ကိုမသုံး
ချင်လို့ သင့်စိတ်ကြိုက် Login Screen မှာ နောက်ခံပုံလေး
တွေထည့်ဖို့နည်းဖြစ်ပါတယ်။လိုအပ်တဲ့ Software လေးကို
တော့ ဒီမှာဒေါင်းမယ် ပီးသွားရင်
ကျွန်တော်တို့ အရင်ဆုံး Window 7 Login Changer ကို
မ Run ခင်မှာ သင်ဒေါင်းလုပ်ဆွဲထားတဲ့ Foler ထဲမှ
enable background change.cmd ဆိုတဲ့ CLI Program
လေးကိုအရင် Run ပါ။ ဒါမှ သင်ချိန်းလိုတဲ့ Background ကို
Support လို့ဖို့အတွက် Registry File ထဲမှာနဲ့ System32
ထဲမှာ လိုအပ်တာတွေကို အလိုအလျှောက်လုပ်ဆောင်ပေးသွားမှာပါ
လုပ်ဆောင်ချက် (၂)
Win7LogonBackgroundChanger_Click.exe ဆိုတဲ့ဖိုင်ကို Double
Click နှိပ်လိုက်ပါ။
ဒါဆိုရင် သင်ပြောင်းချင်တဲ့ပုံကို စိတ်ကြိုက်ပြောင်းနိုင်မှာဖြစ်ပါတယ်။
ကဲစလိုက်ရအောင်လား...
အရင်ဆုံး မိမိအသုံးပြုချင်တဲ့ Image File ကို Desktop မှာအရင်
သွားထားလိုက်ပါ။ပီးသွားရင်တော့သင်ခုနကဖွင့်ထားသော ပရိုဂရမ်
ထဲမှအောက်ဖော်ပြပါပုံအတိုင်း


Choose a folder ကိုအရင်နှိပ်လိုက်ပါ။ဒါဆိုရင် Sub menu ပေါ်လာ
ပါလိမ့်မယ် ဒီအထဲမှာ Desktop ကိုရွေးပေးပီး OK နှိပ်လိုက်ပါ။


ထို့နောက် အထက်ပါပုံအတိုင်း မိမိသွင်းချင်တဲ့ပုံကို Select တစ်ချက်ပေးလိုက်ပါ
ထို့နောက် Apply ကိုတစ်ချက်နှိပ်ပေးလိုက်တဲ့အခါအောက်ဖော်ပြပါပုံအတိုင်း
သင့်ကွန်ပျူတာရဲ့ Log in Screen မှာ သင်ရွေးချယ်ထားတဲ့ ပုံပေါ်လာဖို့အတွက်
Setting Apply လုပ်နေတာဖြစ်ပါတယ်။


ပီးသွားတဲ့အခါမှာတော့ကီးဘုတ်ကနေ WindowKey+L ကိုတစ်ချက်နှိပ်ကြည့်
လိုက်ပါ။ ဒါဆိုရင် သင်ရွေးချယ်ထားတဲ့ ဓာတ်ပုံက Log in Screen မှာပေါ်နေ
မှာဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

No comments:

Post a Comment