Saturday, February 22, 2014

TP-Link Router Firmware ကို Upgrade လုပ်ကြမယ်



ကဲတော်တော်များများက ဖုန်းအတွက် Firmware တင်တဲ့အကြောင်းတွေ
ကိုပဲရေးနေကြလို့ ကျွန်တော်ကလည်း Wireless Router ကို Firmware
တင်တဲ့အကြောင်းလေးရေးပီးတင်ချင်ပါတယ်။ အရင်ဆုံး Firmware ကို
ဘာကြောင့်တင်ရတာလည်းဆိုတာလေးကိုရှင်းပြပါရစေ။ ကျွန်တော်တစ်
ရက် Studio တစ်ခုမှာ Services တစ်ခုသွားလုပ်တော့ ပိုင်ရှင်က သူ့ Network
ထဲမှာ အင်တာနက်မထွက်ဘူးတဲ့။ နောက်ပီး WAN IP ကို အော်တိုမျကဘူး
ဆိုတာနဲ့ကျွန်တော်ကလည်းသူ့ရဲ့ Router ကိုစစ်ဆေးကြည့်လိုက်တော့
အမျိုးအစားက TP-Link N Series Wireless Router အမျိုးအစားပါ။ ဒီလို
နဲ့ သူ Configure လုပ်ထားတဲ့ အနေအထားကိုကြည့်လိုက်တော့ PPPOE
Type နဲ့လုပ်ထားတာပါ။ ကျွန်တော်က ၄င်း Network Type ကို Dynamic
IP Type နဲ့ ပြောင်းပီး လိုအပ်တဲ့ Settings တွေကို ချိန်ပေးလိုက်တဲ့အခါမှာ
Network ထွက်ပီး WAN IP လည်းကျပါတယ်။ Clients အားလုံးလည်းသုံး
လို့ရသွားပါတယ်။ ဒီလိုနဲ့ ပိုင်ရှင်က PPPOE ကိုဘာလို့မရလို့မေးပါတယ်။
ကျွန်တော်လည်း ဒီလိုနဲ့ ဖင်လှန်ကြည့်လိုက်ပါတယ်။အဲ.. Router ကိုပြော
တာနော်... ခိခိ။ 
 
သူ့မှာဖော်ပြထားတဲ့ BarCode တွေမှာပဲ နောက်ဆုံးမှာ Ver 1.1 ဆိုပီးတွေ့
ပါတယ်။ ဒါဟာ Firmware Version 1.1 လို့ဆိုလိုတာပါ။ ဒါဆိုရင် သူလို
ချင်တဲ့ PPPOE Type ကို မရဘူးဆိုတာကို Googling အရသိလိုက်ပါတယ်။
ဒီလိုနဲ့ ၄င်းမှာပါတဲ့ Build-in Firmware ကို Version မြှင့်ဖို့အတွက် ကျွန်တော်
Google ပေါ်ကိုတက်သွားလိုက်ပါတယ်။သူ့ရဲ့ Router အမျိုးအစား Model
အတိုင်းရှာလိုက်ပီး လိုအပ်တဲ့ ဖိုင်ကို ဒေါင်းလိုက်ပါတယ်။ ဒီနေရာမှာတစ်ခု
ပြောချင်တာက



မိမိဒေါင်းမယ့် ဖိုင်ရဲ့ Version ကို လေးထောင့်ကွက် အနီရောင်လေးမှာကြည့်ပီး
သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ Version 4 ကိုဒေါင်း
လိုက်ပါတယ်။ဒီနေရာမှာ တစ်ခုပြောချင်တာက Firmware ကို Upgrade လုပ်တဲ့
အခါမှာ Network ကနေ တိုက်ရိုက် ချိတ်ဆက်ပီး Update မလုပ်ဖို့ရယ်နောက်
တစ်ချက်က Update လုပ်နေတဲ့အချိန်မှာ Router နဲ့ Computer ကိုချိတ်ဆက်
ထားတဲ့ Network Cable ပြုတ်ထွက်မသွားဖို့ အရေးကြီးဆုံးဖြစ်ပီး Upgrade
လုပ်ဖို့ကိုလည်း Internet Explorer ကိုသုံးဖို့ အကြံပြုပါရစေ။ တစ်ခြား Browser
တွေကိုသုံးလို့မရဘူးတော့မဟုတ်ပါဘူး Internet Explorer ကို ပိုပီး Save Side
ဖြစ်တာမို့လို့ပါ။ကဲဆက်လိုက်ရအောင် အရင်ဆုံး Internet Explorer ကိုဖွင့်
လိုက်ပီး


အထက်ပါပုံအတိုင်း Router ရဲ့ Default IP ဖြစ်တဲ့ 192.168.1.1 ဆိုတာကိုရိုက်ပီး
Enter ခေါက်လိုက်ပါမယ်။ဒီအခါမှာ Router ရဲ့ Default Username & Password
ဖြစ်တဲ့ admin ဆိုတာကိုရိုက်လိုက်တဲ့အခါမှာတော့ Router ထဲကိုရောက်သွားမှာ
ဖြစ်ပါတယ်။ထို့နောက် System Tool ထဲကနေ Firmware Upgrade ဆိုတဲ့နေရာ
ကိုသွားလိုက်ပါမယ်။


ထို့နောက် Browse... ဆိုတဲ့ နေရာကိုနှိပ်ပီး သင့် Router ရဲ့ Firmware အမြင့်ဖိုင်
ရှိတဲ့နေရာကို သွားရမှာဖြစ်ပါတယ်။ သူ့ရဲ့ File Extension ကတော့ *.bin ဖြစ်ပါတယ်
ထို့နောက်တော့ Upgrade ဆိုတာကိုနှိပ်လိုက်တဲ့အခါ အချိန်အားဖြင့် အနည်းဆုံး
၃ မိနစ်လောက်ကြာပီး Router Restarrt ကျသွားပါလိမ့်မယ်။ပြန်တက်လာတဲ့အခါမှာ
တော့ သင့် Router ထဲကို ပြန်ဝင်ပီး Status မှာ Firmware Version ကို ကြည့်လိုက်
တဲ့အခါမှာ သင်တင်လိုက်တဲ့ Firmware Version အမြင့်ကိုတွေ့ရမှာဖြစ်ပါတယ်။
အခုနောက်ပိုင်းထွက်လာတဲ့ Router အများစုကတော့ PPPOE ကို Support လုပ်
ပါတယ်။ အထူးသဖြင့် CISCO Certify လုပ်ထားတဲ့ Router အများစုဖြစ်ပါတယ်။
အားလုံးအဆင်ပြေမယ်လို့လည်း ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

No comments:

Post a Comment