Window8 ရဲ့ “Operation System not
found” ကိုဖြေရှင်းနည်း
ဖြစ်ပုံက
တစ်နေ့ ကျွန်တော်လည်း ကျွန်တော့်ဆရာအိမ်မှာ စက်တွေသွား
က ဘာမှ မတက်လာတော့ပဲ
“Operation system not found” ဆိုပီးတော့ပဲ
ပေါ်နေတယ်ဆိုလို့
ကျွန်တော် Customer Site ထဲကိုရောက်သွားတယ်။ဟို
ရောက်တော့
ကျွန်တော်လည်း စက်ကိုဖွင့်ကြည့်လိုက်တယ်။ ဟုတ်ပါတယ်။
“Operation
system not found” ဆိုပီး နောက်ခံ Screen အမဲရောင်ကြီး
နဲ့ ပဲ ပေါ်နေတော့
ကျွန်တော်လည်း Window 8 ဆိုတော့ အခွေကို Drive
ထဲထည့်ပီး
Boot တက်ပီး System Repair လုပ်မယ်ဆိုပီးတက်လိုက်တယ်။
အခွေကို မဖတ်ပဲ
“Operation system not found” ဆိုတာပဲပေါ်နေတယ်။
ကျွန်တော်လည်း
အခွေမကောင်းဘူးထင်ပီး နောက်ထပ် ၀င်းဒိုးအခွေကိုထပ်
ထည့်ပီး
Boot တက်ကြည့်တယ်။ မရပြန်ဘူးဗျ။ ဒါနဲ့ ထုံးစံအတိုင်းပေါ့........
Hiren’s
Boot CD ကိုထည့်ပီး Boot တက်ကြည့်တော့လည်းမရဘူး။ဖြစ်ချင်
ရာဖြစ်ဆိုပီး
Window7 ကိုတန်းတင်မယ်ဆိုပီး Window7 အခွေထည့်ပြန်
တော့လည်း
Boot မတက်လာဘူး။ ဒါနဲ့ အခွေကိုမဖတ်တော့ ODD မကောင်း
ဘူးထင်ပီး
ကျွန်တော့ Services လက်ဆွဲတော် Portable Linux သွင်းထားတဲ့
USB
Stick ကိုတပ်ပီး Boot တက်ကြည့်ပြန်တော့လည်း ဘယ်လိုမှ Boot တက်
မလာဘူး...
ကျွန်တော်လည်း တော်တော်လေး ခေါင်းခြောက်သွားတယ်ဗျ....
ဒါနဲ့ FB
မှာ Status (Post) တင်လိုက်တယ်။ ကျွန်တော့် နည်းပညာညီအကို
မောင်နှမတွေဝင်ဖြေပေးကြပါတယ်။
ကျွန်တော်လည်းသူတို့ Comment တွေ
အတိုင်းကြိုးစားကြည့်တယ်။
ကျွန်တော့်ဘာသာ Googling လုပ်ပီး ထွက်လာတဲ့
Result တွေအတိုင်းကြိုးစားကြည့်တယ်
မရဘူး။ ဘာလို့လည်းဆိုတော့ဘယ်
လိုမှ
Boot Devices တွေကို Boot မလုပ်တဲ့အတွက်ကြောင့်ပေါ့။ ဒါနဲ့ ကျွန်တော်
Hardware
Error တက်တယ်ထင်ပီး စက်ကိုဖွင့်လိုက်တယ်။ ပီးတော့ အရင်ဆုံး
CMOS
Battery ကိုဖြုတ်ပီး CMOS Clear လုပ်ကြည့်တယ်။ မရဘူး။ HDD, RAM
တွေကိုလည်း
Replacement လုပ်ကြည့်တယ်။ ဘယ်လိုမှမရဘူး။ဒါနဲ့ ပဲ တစ်ရက်
ပြစ်ထားလိုက်တယ်။
နောက်နေ့မနက်ကျတော့ ပြန်စမ်းကြည့်တယ်။ အလားတူပါ
ပဲ။ ဘာမှ
ထူးမလာဘူး.. ဒီလိုနဲ့ FB ပေါ်တစ်ချက်တက်ကြည့်လိုက်တယ်။ ကျွန်တော့
Post အောက်မှာ
အန်တီဝမ်း (စပါယ်ရှယ်ဝမ်း) Comment ပေးထားတာလေးကို
သွားတွေ့တယ်။
UEFI ဆိုတာလေးကိုပေါ့... ဒါနဲ့ ကျွန်တော်လည်း စက်ကို ချက်ချင်း
ဖွင့်ပီး
BIOS ထဲကိုဝင်လိုက်တယ်။ပီးတော့
Boot
menu အောက်မှာရှိတဲ့ Boot Mode: မှာ Default အတိုင်းဖြစ်နေတာက
UEFI Mode ပါ။ ကိုကြီးဝင်း (၀င်းကမ္ဘာကျော်)ပြောတာက
UEFI Mode ဖြစ်နေရင်
ဘယ် Boot
Devices ကိုမှ Enable မပေးဘူးဆိုတာကြောင့် ကျွန်တော်လည်း
လက်ရှိ
Default mode ဖြစ်တဲ့ UEFI ကို Legacy BIOS Mode ကိုပြောင်းပီး
First
Boot Devices မှာ ကျွန်တော့ USB ကိုပေးပီး
ပါဝါကိုပိတ်ပီး ပြန်ဖွင့်လိုက်တဲ့
အခါမှာ
Stick ကို Boot လုပ်တဲ့အတွက်ကြောင့်ပျော်သွားပီး ပါဝါပြန်ပိတ်ပီး ၀င်းဒိုး
၈ အခွေကို
ထည့်လိုက်တယ်။ ပီးတော့ Boot Device ကို DVD ကို ပြန်ပီး Forword
လုပ်ပီး ပါဝါပြန်တက်လိုက်တယ်။
ဝင်းဒိုး ၈ ရဲ့ ဖိုင်တွေကို စတင်ပီး Loading ဆွဲလာပါ
ပီ။ ဒါနဲ့အောက်ပါပုံအတိုင်း
Window
Setup အပိုင်းရောက်တဲ့အခါမှာကျွန်တော်တို့က Next ကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။
ဒီနေရာမှာ
ကျွန်တော်တို့က Window System ကိုပဲ Repair လုပ်မှာဖြစ်ပါတယ်။
ဒီလိုပြဿနာမျိုးက
Window XP မှာဆိုရင် NTLDR Missing ပြဿနာဖြစ်ပီး
Window7 မှာဆိုရင်တော့
Bootmgr ပျောက်သွားတာမျိုးဖြစ်ပီး ယခု
Window8
မှာကတော့
Operation system not found ဆိုပီးပြတာပါ ဒါကိုကျွန်တော်တို့က
System
Repair လုပ်လိုက်ရုံနဲ့ ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Install Now
ဆိုတာကိုမနှိပ်ပဲ
Repair your computer ဆိုတာကို နှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း
ပေါ်လာတဲ့အခါမှာတော့
ကျွန်တော်တို့က Troubleshoot ဆိုတဲ့ Menu ထဲကို
ဝင်လိုက်ပါမယ်။ဒီအခါမှာတော့
ဆက်ပီး
Advanced options ဆိုတဲ့ Tab ထဲကို ထပ်ဝင်လိုက်ပါမယ်။ပီးသွားရင်တော့
Command
Prompt ဆိုတာကိုနှိပ်လိုက်တဲ့အခါမှာတော့
\
Recovery
Consol ပေါ်လာပါတယ်။ ဒီနေရာမှာသူက Command
Prompt မြင်
ကွင်းမှာ
X:\Sources>ဆိုပီးတော့ပဲပေါ်နေမှာပါ
ဒီနေရာမှာကျွန်တော်တို့ရိုက်ရမယ့်
Command က
“Bootrec /fixmbr “ ဆိုပီးရိုက်ပီး
Enter ခေါက်လိုက်တဲ့အခါမှာတော့
The
operation completed successfully ဆိုပီးပြပါမယ်။ ကျွန်တော်တို့က နောက်ထပ်
Command တွေကိုထပ်ရိုက်ရပါဦးမယ်။ဒီတော့ကာ....
ဆက်ပီးရိုက်ရမယ့်
Command က “Bootrec /fixboot ” ဆိုပီးထပ်ရိုက်ပီး
Enter ခေါက်လိုက်ပါမယ်။
ဒီနေရာမှာလည်း Operation completed successfully
ဆိုပီးတော့
ပြနေရပါမယ်။ အကယ်လို့များမပြဘူးဆိုရင်တော့ အခွေကိုပြောင်းပီး
တော့ ထပ်စမ်းရမှာဖြစ်ပါတယ်။ဒီနောက်
နောက်ထပ် ထပ်ရိုက်ရမယ့် Command
ကတော့
“Bootrec /rebuildbcd” ဆိုပီးထပ်ရိုက်ရပါမယ်။
ဒီနေရာမှာတော့ Operation
System မှာ
Missing ဖြစ်သွားတဲ့ ဖိုင်တွေကို လိုအပ်တဲ့အစိတ်အပိုင်းတွေ
Copy လုပ်နေတာဖြစ်ပါတယ်။
သူ့အတွက်ကြာချိန်ကတော့ တစ်မိနစ်သာ
သာပဲရှိပါတယ်။
အကယ်လို့ Successfull ဖြစ်သွားမယ်ဆိုရင်တော့ အောက်ပါ
ပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
ဒီအခါမှာတော့
ကျွန်တော်တို့က Operation System fail ဖြစ်တာကို
Recovery
Consol အောက်ကနေ Command Line Interface ကိုသုံး
ပီး ပြင်ဆင်လိုက်ပီးဖြစ်လို့
အဆင်ပြေသွားပါပီ ဒီတော့ ကျွန်တော်တို့
က ပြန်ထွက်မှာဖြစ်တဲ့အတွက်ကြောင့်
CLI Mode
ထဲကနေပဲ “exit” လို့ရိုက်လိုက်ပါမယ်။ဒါဆိုရင်တော့
အထက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ ကျွန်တော်တို့က
ကွန်ပျူတာကိုပိတ်ဖို့အတွက်
Turn off your PC ဆိုတာကိုရွေးပေးလိုက်ပီး
ဝင်းဒိုးပြန်တက်လာတဲ့အခါမှာသင့်ရဲ့
“Operation system not found” ဆို
တဲ့ ၀င်းဒိုး
၈ ကြီးမှာကြုံတွေ့နေရတဲ့ ပြဿနာကို ရှင်းလင်းပီးသွားပီးပုံမှန်
အတိုင်းပဲ
ဝင်းဒိုးတက်လာမှာဖြစ်ပါတယ်။ အားလုံးပဲအဆင်ပြေမယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
သြ... Recovery Consol မှာ ရိုက်ရမယ့် Command
ကို သုံးခုထဲနော်...
၁- Bootrec /fixmbr
၂- Bootrec /fixboot
၃- Bootrec /rebuildbcd
ဆိုတဲ့ သုံးခုတည်းနော်.......
ယခု Post ကိုဖြေရှင်းဖို့အတွက် Adivce
Source ကို
ပေးသော အန်တီဝမ်း (ခ)စပယ်ရှယ်ဝမ်းနှင့် အခြားအခြားသော
နည်းပညာညီအကိုမောင်နှမအားလုံးတို့အား ဂုဏ်ပြုလျှက်......
လေးစားစွာဖြင့်
Cristiano
Zarni@ ဦးဇာနည်
ခုလို မျှဝေ တဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါကြောင်း ...ပြောကြားအပ်ပါသည်
ReplyDeleteှုဦးဇာနည် ခင်ဗျား...
ကျေးဇူး အထူးတင်ပါတယ် ဦးဦးဇာနည်ရေ...။ ကျနော့်ဘလော့လေးမှာ ပြန်လည်မျှဝေခွင့် ပြုပါနော် ကူးသွားမယ်နော် အကို
ReplyDeleteွှThank you so much for sharing your knowledge and experience.ko zar ni
ReplyDeleteဒီကုသိုလ်မျိုးကတခြားကုသိုလ်နဲ.မတူဘူး၊ရောက်ရာဘဝမှာညဏ်ပညာထက်မြက်စေမယ်။ Good job.
ReplyDelete