Friday, May 2, 2014

Prolink PIC1007WP IP ကင်မရာတစ်လုံးအား Configure လုပ်ခြင်း



Prolink PIC1007WP IP ကင်မရာတစ်လုံးအား Configure လုပ်ခြင်း



ကျွန်တော်တို့ လုံခြုံရေးအရဆိုရင် ယခင်ကထက် အခုနောက်ပိုင်းမှာ
ပိုမိုတင်းကြပ်လာတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ Camrea ဖြင့်တစ်
နည်း၊ လုံခြုံရေးဝန်ထမ်းဖြင့်တစ်ဖုံ စသည်ဖြင့် မိမိတို့ရဲ့ နေအိမ်၊ လုပ်ငန်း
ဆိုင်များအား လုံခြုံစိတ်ချအောင် နည်းပေါင်းစုံဖြင့် ကြိုးစားလာကြပါတယ်။
ဒီလိုကြိုးစားလာတဲ့အထဲမှာ ယခင်ကတော့ Analog Camera တွေကို အဓိ
ကအသုံးပြုကြပေမယ့် ဒီနေ့ခောတ်အရတော့ အများစုက IP Cam တွေ၊
Cloud Cam တွေကို ပိုမိုသုံးစွဲလာကြတာကို တွေ့မြင်ကြရမှာပါ။ အကြောင်း
ဆိုသော်... နည်းပညာတိုးတက်လာတာနဲ့ အမျှ လူတိုင်းက အိမ်ကနေပဲ
မိမိတို့ရဲ့ လုံခြုံရေးကင်မရာ CCTV (Close Curcit Television) ကိုထိုင်
ကြည့်မနေတော့ပဲ အင်တာနက်ရှိတဲ့ မည်သည့်အရပ်ဒေသကနေမဆို
Android Phone, iPad, iPhone စသည့် Devices များဖြင့်အင်တာနက်
ချိတ်ဆက်ပီး လှမ်းကြည့်လာတာကိုလည်းနည်းပညာအရ တိုးတက်လာသည်
ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ယခင် Analog တွေမှာကတော့ BNC Connector
နဲ့ 12-V DC Supplier နှစ်ခုသာချိတ်ဆက်ရပေမယ့် ယခုကဲ့သို့ Digital Cam,
IP Cam တွေမှာကတော့ 3 In 1 ပုံစံမျိုးပါလာတာတွေလည်းများလာပါတယ်။
ဆိုလိုတာကတော့ BNC+ DC, RJ-45+DC, RJ-45+DC+BNC စသဖြင့်ဖြစ်
ပါတယ်။ ကဲ စကားတွေလည်းများသွားပီ လိုရင်းကိုဆက်လိုက်ရအောင်လား...
အရင်ဆုံး ကျွန်တော်တို့ Prolink PCI1007WP IP Camera ဗူးခွံကိုဖွင့်လိုက်
တဲ့အခါမှာ Camera+ Network Cable+ 12-V DC Adapter, Catalog,
Software CD ရယ်ဆိုပီးပါပါတယ်။ ထိုအထဲကမှ Software CD ကို သင့်
စက်ထဲကို အရင်သွင်းလိုက်ပါမယ်။ သူ့မှာလိုအပ်တဲ့ Software ကို Run
နိုင်ဖို့အတွက် .Net Framework 2.0 အနိမ့်ဆုံး Support လုပ်ရမှာဖြစ်တဲ့
အတွက်ကြောင့် .Net ဖိုင်လည်းပါပါတယ်။ ကျွန်တော်တို့က EXE ကို Run
ပေးလိုက်ပီး Software ကိုသွင်းလိုက်ပါမယ်။ ဒါဆိုရင် သင့်ရဲ့ Desktop
ပေါ်မှာအောက်ပါအတိုင်း.....
ဆက်လက်ဖတ်ရှုရန် ဒီနေရာကိုနှိပ်ပါ
 

1 comment: