Wednesday, June 25, 2014

Kali ပေါ်က RF-kill Error နှင့်တစ်ထောင့်တစ်ည


Kali ပေါ်က RF-kill Error နှင့်တစ်ထောင့်တစ်ည
ယခု Post ကိုမရေးခင်မှာ တစ်ခုပြောချင်တာကတော့ ကျွန်တော်
က Linux ကို မနေ့တစ်နေ့ကမှ စသုံးတဲ့သူတစ်ယောက်ပါ။ ဒါ
ကြောင့် အရမ်းကလိပါတယ်။ တစ်ရက် Online မှ Command
အချို့ကို Terminal ထဲမှာ လျောက်ကလိရင်းကနေကျွန်တော့်
Laptop လေးမှာ Wifi Connection လုံးဝမရတော့ဘူးဖြစ်သွား
ပါတယ်။ Wifi မရတော့ Wifi Cacking အတွက် လည်းလုံးဝကို
အဆင်မပြေဘူးဖြစ်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်လည်း ဖြစ်ဖြစ်
ချင်းပဲ ၀န်လိုင်းတက်ရှာတယ်။ Error ကို ရှင်းဖို့အတွက် တိုင်ပတ်
နေတာပေါ့ အဲဒီနေ့ကတော့ မနက်မိုးလင်းသွားတယ်။ ကျွန်တော်
ကြုံခဲ့သလိုမျိုး စာဖတ်ပရိတ်သတ်လည်း ကြုံတွေ့ရမယ်ဆိုရင်
ကျွန်တော့်လို မိုးလင်းပေါက် ခေါင်းမခြောက်ရလေအောင် ရေးသား
လိုက်ခြင်းဖြစ်ပါတယ်။ ကဲစလိုက်ရအောင် ဖြစ်ပုံက System Setting
ထဲက Network ထဲမှာ Wireless ကို ဘယ်လိုမှ Enable လုပ်လို့မရ
တာပေါ့ဗျာ

လက်ရှိအနေအထားအရ Off ဖြစ်နေပါတယ်။ ဒါကို On ဖြစ်အောင်
ဆွဲလည်း ဘယ်လိုမှကိုဆွဲလိုက်မရပါဘူး။ ဒီလိုနဲ့ နောက်နေ့ညနေ
ဘက်ကျမှ ပြန်ပီး ၀န်လိုင်းပြန်တက်တော့ ဘယ်လိုရှင်းရမယ်ဆိုတာ
ကို တိကျသေချာတဲ့ Link လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ ထိုထဲ
မှာ ရှင်းလင်းထားပုံကတော့ အရင်ဆုံး System Setting ထဲက
Network မှာ Airplane Mode ကို အရင်ဆုံးဖွင့်လိုက်ရပါမယ်


အထက်ပါပုံအတိုင်းဖွင့်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ကီးဘုတ်
ကနေပြီးတော့ Ctrl+Alt+T (Terminal) ကိုဖွင့်လိုက်ပါမယ်။ရိုက်ရမယ့်
Command ကတော့ “lspci” 


ဆိုပြီး အထက်ပါပုံအတိုင်းရိုက်လိုက်ပါမယ်။ ထို့နောက် ထပ်မံရိုက်
ရမယ့် Command ကတော့ “ iwconfig “ လို့ရိုက်လိုက်ပါမယ်။


ထို့နောက် “ ifconfig wlan0 up” ဆိုပြီး


အထက်ပါပုံအတိုင်းရိုက်လိုက်ပါမယ်။ ဒီအချိန်ထိ RF-Kill Error
တက်နေဦးမှာပါ။ဒီတော့ ကျွန်တော်တို့ဆက်ပြီးရိုက်ရမယ့် Command
ကတော့ “ rfkill list “ ဆိုပြီးအောက်ပါပုံအတိုင်း


ရိုက်လိုက်ပါမယ်။ ဒီနေရာမှာ ကျွန်တော့်ဆီမှာက Wifi ကို
Physical အရကော Logical အရကော ဘယ်လိုမှဖွင့်လို့
မရတဲ့အတွက်ကြောင့် Soft Blocked Hard Blocked တွေ
မှာ Yes တွေပဲဖြစ်နေတာပါ။ဒီတော့ ကျွန်တော်တို့က Block
ခံထားရတာတွေ ပြန်ဖြည်ဖို့အတွက်


အထက်ပါပုံအတိုင်း “ rfkill unblock all “ ဆိုပြီး၇ိုက်လိုက်ပါမယ်။
ထို့နောက်ထပ်ရိုက်ရမယ့် Command ကတော့ “ rfkill list “ ဖြစ်ပါ
တယ် အောက်ပါပုံအတိုင်းပေါ့...


ဒီနောက်ကျွန်တော်တို့ဆက်ပြီးရိုက်ရမယ့် Command ကတော့
“lsmod” ဆိုပြီးရိုက်လိုက်ပါမယ်။ အောက်ပါပုံအတိုင်းပေါ့...



ထို့နောက် ထပ်ရိုက်ရမယ့် Command ကတော့ “dmesg | egrep ‘wmi|ath|hp’ “
ဖြစ်ပါတယ်။ ဒီနေရာမှ  Space ခြားရမယ့်နေရာတွေနဲ့မခြား
ရမယ့်နေရာတွေရှိပါတယ်။ ပုံကိုအသေအချာလေးကြည့်ပေးပါ


ထို့နောက်တော့ ကျွန်တော်တို့ Hardware Button ဖြစ်တဲ့ Wifi
ခလုပ်ကို ကီးဘုတ်ကနေ တစ်ချက် On ကြည့်လိုက်ပါ ပြန်လည်
လင်းလာတာကိုတွေ့မြင်ရပြီး System Setting ထဲမှာလည်း


အထက်ပါပုံအတိုင်း ပြန်လည်ပေါ်ပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ယခု တင်
သော Post နှင့် ပတ်သက်ပြီး မရှင်းလင်းသည်များကိုလည်း အချိန်
မရွေးမေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

1 comment: