Friday, November 14, 2014

FB Account ကို De ထားရင်တောင် Noti ယူမယ်

FB Account ကို De ထားရင်တောင် Noti ယူမယ်


ခေါင်းစဉ်ကတော့ တိုတိုလေးပါပဲ… ကျွန်တော်ပြောချင်တဲ့အကြောင်း
အရာကတော့ တစ်ခါတစ်လေ မိမိသုံးနေတဲ့ အခါမျိုးမှာ Facebook
Account ကို Deactivated လုပ်ကြတာနှင့်ပတ်သက်ပြီးတော့ဖြစ်ပါ
တယ်။ မိမိက ကို့ အကောင့်ကို Deactivated လုပ်လိုက်ပေမယ့်လည်း
မိမိနှင့်ပတ်သက်သော Friend တွေ၊ Following လုပ်ထားတဲ့သူတွေ
မိမိကို Following လုပ်ထားတဲ့သူတွေရဲ့ လှုပ်ရှားမှုတွေနဲ့ အချို့
အချို့သော Notification များကို သင်ကိုယ်တိုင်း Facebook Account
မသုံးပဲ၊ အင်တာနက်လုံးဝမသုံးပဲနဲ့ Notification ရအောင် ယူနည်း
ဖြစ်ပါတယ်။ဘယ်နည်းနဲ့ ယူမလည်းဆိုတော့ ကျွန်တော်တို့က
Phone Operator ဖြစ်တဲ့ MPT နှင့်တော့မရယူနိုင်ပါ။ ဘာကြောင့်
လည်းဆိုတော့ MPT က International Roaming Services ကို
မဖွင့်ထားသောကြောင့် ပြည်ပတိုင်းပြည်များမှ ၀င်လာသော SMS
Services ကို လက်မခံနိုင်ပါ။ ဒါကြောင့် ကျွန်တော်က Telenor
ဖုန်းကဒ်ကိုအသုံးပြုပြီး စမ်းသပ်ထားပါတယ်။ Ooredoo ကတော့
မစမ်းသပ်ရသေးပါဘူး အချိန်မရတာရယ်။ တခြားအကြောင်းအရာ
ရယ်ကြောင့်ပါ။ ကဲထားလိုက်ပါ လိုရင်းကိုပြောကြတာပေါ့…
အရင်ဆုံး သင့် Facebook Account ကိုဖွင့်လိုက်ပြီး Settings ထဲကို



အထက်ပါပုံအတိုင်းဝင်လိုက်ပါမယ်။ ဒါဆိုရင် ကျွန်တော်တို့က Settings
ထဲကိုရောက်သွားတဲ့အခါမှာတော့



Mobile ဆိုတဲ့ Menu ထဲကိုဝင်လိုက်ပါမယ်။ ဒီနောက်တော့ အနီရောင်
လေးထောင့်ကွက်လေးလုပ်ထားတဲ့ +Add another Mobile Phone
Number ဆိုတာကို နှိပ်လိုက်ပြီး သင့်ရဲ့ Telenor Phone No ကိုထည့်
လိုက်ပါမယ်။



ဒီနောက်တော့ သင့်ဖုန်းထဲကို Verification Code လှမ်းပို့ပေးမှာ
ဖြစ်ပါတယ်။ ဒီအခါမှာ သင့်ဖုန်းထဲဝင်လာတဲ့ Code ကို မျှားအနီရောင်လေး
ပြထားတဲ့အကွက်ထဲထည့်ပြီး Confirm လုပ်ပေးလိုက်ပါမယ်။ဒါဆိုရင်
အောက်ပါ လေးထောက်အနီရောင်အကွက်ကြီးထဲက အတိုင်း Settings
ချထားလိုက်ပါမယ်။ထို့နောက်အောက်ပါပုံအတိုင်း



Text message Services ကိုလည်း ဖော်ပြပါ Setting အတိုင်းထားလိုက်
ပါမယ်။ အားလုံးပြီးသွားရင်တော့ Save Changes ကို နှိပ်ပေးလိုက်ပါမယ်။
ဒါဆိုရင် သင့်အကောင့်ကို Deactivated လုပ်လိုက်တာပဲဖြစ်ဖြစ် သင် FB
ပေါ်လိုင်းမတက်တာပဲဖြစ်ဖြစ် သင့် ဖုန်းထဲကို SMS ၀င်နေမှာဖြစ်ပါတယ်။
SMS ၀င်မယ့် ပုံစံတွေကတော့ သင့်ကို Chat Message ပို့တဲ့အချိန်မျိုး
တွေ၊ သင်တင်ထားတဲ့ Status တစ်ခုခုကို တစ်စုံတစ်ယောက်က ပထမ
ဦးဆုံးအကြိမ် ၀င်ရောက် Comment ရေးသားတာမျိုးတွေကိုလှမ်းပြီး
အသိပေးမှာဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ ယုံကြည်
မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment