Thursday, November 20, 2014

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်

USB Stick ကို ဘာ Software မှ မသုံးပဲ Lock ချမယ်



ကျွန်တော်တို့ Memory Stick ဆိုတာ Portable လုပ်ဆောင်ရတဲ့
Data Transfer တစ်ခုပါ။ တစ်ခါတစ်လေမှာ မိမိက အရေးကြီးသော
လုပ်ငန်း Data တွေ၊ Personal Data တွေ လည်းသိမ်းထားတတ်ကြ
ပါတယ်။ ဒီလို မျိုးအ ရေးကြီးတဲ့ ဒေတာတွေအတွက် ကို့စက်မဟုတ်
သော သူများ စက်မှာ သွားထိုးတဲ့အခါမျိုး၊ မတော်တဆ ပျောက်ရှသွား
တဲ့အခါမျိုးမှာ အရမ်းကို အရေးကြီးဆုံးအရာကိုဆုံးရှုံးလိုက်ရသလိုခံစား
ရတတ်ပါတယ်။ ဒီတော့ သာမာန် End User အတွေးနဲ့ပဲတွေးပြီး လုပ်
ဆောင်ကြရအောင် ။ ဒီလုပ်ဆောင်ချက်က Microsoft Platform မှာ
ပဲ Support လုပ်မှာပါ ဘာလို့လည်းဆိုတော့ ၀င်းဒိုးမှာပါတဲ့ Third
Party Utility ကို အသုံးချပြီးလုပ်ဆောင်သွားမှာမို့လို့ပါ။ ကဲ ဆက်
လိုက်ရအောင်။ အရင်ဆုံး သင် Password ပေးမယ့် USB Stick ကို
သင့်အပေါက်ထဲ (ကွန်ပျူတာ) ထိုးလိုက်ပါ။ ပြီးသွား၇င်



အထက်ပါပုံအတိုင်း သင့် Stick ကို Click ထောက် Right Click နှိပ်ပြီး
Turn on BitLocker ဆိုတာကိုရွေးပေးလိုက်ပါ။ဒါဆိုရင်အောက်ပါပုံအ
တိုင်း



ပေါ်လာပြီဆိုရင်တော့ သင်သတ်မှတ်ချင်တဲ့ Password ကိုသတ်မှတ်
ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့



Save the recovery key to a file ဆိုတာကို တစ်ချက်နှိပ်ပေးလိုက်ပါမယ်။



ဒါဆိုရင် အထက်ပါပုံအတိုင်း  သင့် Drive အတွက် Recovery Key
ကို TXT ဖိုင်အဖြစ်သိမ်းပေးပါလိမ့်မယ်။ ဒါကတော့ အကယ်လို့များ
သင် Password မေ့သွားတဲ့အခါမှာ ပြန်ပြီး Recovery လုပ်ဖို့အတွက်
ဖြစ်ပါတယ်။ပြီးသွားရင်တော့ Save ဆိုတာ နှိပ်လိုက်ရင်အောက်ပါပုံအတိုင်း



ပေါ်လာပြီဆိုရင်တော့ Yes ကို ရွေးပေးလိုကပါမယ်။ထို့နောက်
ကျွန်တော်တို့က Next ကိုနှိပ်ပေးလိုက်တဲ့အခါမှာ



အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် Start Encrypting ကို ရွေးပေးလိုက်
ပါမယ်။ ဒီနောက်တော့ သူက အောက်ပါပုံအတိုင်း



စတင် Encrypting လုပ်နေပါလိမ့်မယ်။ ဒီနေရာမှာ Drive ရဲ့ Size ပေါ်မူတည်
ပြီး အချိန်ကြာမြင့်မှာဖြစ်ပါတယ်။



အားလုံးပြီးသွားရင်တော့ အထက်ပါပုံအတိုင်း ပေါ်လာရင် Close ကိုနှိပ်ပေးလိုက်
ပါမယ်။ဒီနောက်တော့ သင့်ရဲ့ Stick က Password ခံထားပြီးသားဖြစ်သွားပါပြီ
အကယ်လို့ သင်ဟာ သူများကွန်ပျူတာမှာ သွားထိုးမယ်ဆိုရင် သင့်Stick ကိုမြင်
ရမှာက



အထက်ပါပုံအတိုင်းဖြစ်ပါတယ်။ ဒါကို သင်က Double Click ဖြင့် ဖွင့်
ကြည့်သောအခါမှာတော့အောက်ပါပုံအတိုင်း



Password တောင်းတဲ့နေရာကိုတွေ့ပြီး သင်သတ်မှတ်ထားတဲ့ Password
ကို မှန်ကန်အောင်ရိုက်ထည့်ပြီး Unlock နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါမှသာ
သင့်ရဲ့ Drive ကို Computer က စတင် Detected သိမှာ



ဖြစ်ပါတယ်။ ဒါဆိုရင် သင့် Stick ကို ဖွင့်ကြည့်တဲ့အခါမှာအောက်ပါပုံ
အတိုင်း



ပေါ်မှာဖြစ်ပါတယ်။ ကဲ အားလုံးပဲ အဆင်ပြေကြမယ်ထင်ပါတယ်။
ဒီနေရာမှာ တစ်ခုမှာချင်တာကတော့ Microsoft Platform နဲ့
Linux Platform လုံးဝမတူညီသောကြောင့် အကယ်လို့များနား
လည်တဲ့ သူတစ်ယောက်ယောက်က သင့် BitLocker ကို အသုံးပြု၍
Password ခံထားသော Stick ကို Linux မှာဖွင့်မယ်ဆိုရင်တော့
အထဲက Data တွေအားလုံးကို Access လုပ်နိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment