Wednesday, April 22, 2015

သင့် Chat List, Status တွေက အစစ်တွေကောဟုတ်ရဲ့လား ?

သင့် Chat List, Status တွေက အစစ်တွေကောဟုတ်ရဲ့လား ?



ကျွန်တော် ဒီ Post လေးကို ကျွန်တော့်မွေးနေ့ မေလ ၆ ရက်နေ့ရောက်မှ
တင်ပေးမယ်လို့ ရည်ရွယ်ထားတာပါ။ မအောင့်နိုင်လို့ ရေးပေးလိုက်ပါတယ်။
ခေါင်းစဉ်ကတော့ တစ်ကယ်တမ်းဆိုရင်တော့ စဉ်းစားစရာပါ။ ဘာလို့လည်း
ဆိုတော့ မိမိကိုယ်တိုင် သုံးနေတဲ့အကောင့်မှာ တင်ထားတဲ့ Status တွေ၊
Chat List တွေကိုကိုယ်ကတော့ ပုံမှန်အတိုင်းရိုက်ထားတာပဲ ဒါပေမယ့်
ဘာပဲ ရေးရေးရေးသမျှ အားလုံးကို Inspect Element နဲ့ စိတ်ကြိုက်ပြင်
လို့ရပါတယ်။ ကဲ စကားတွေများတယ် လက်တွေ့စလိုက်ရအောင်လားဗျာ
အရင်ဆုံး Chat List အတုတစ်ခု Inspect Element ကနေ လုပ်ပြပါ့မယ်။
အရင်ဆုံး မိမိ Chat List အတုလုပ်မယ့်အကောင့်ကို အရင် သွားလိုက်ပါမယ်
အောက်ဖော်ပြပါပုံကတော့ မူရင်းအတိုင်းပြောထားတဲ့ Chat list ပါ



အဲ့တာကို ကျွန်တော်တို့က ပြန်ပြင်မှာဖြစ်လို့ “ဟုတ်ကဲ့ဦးဇာနည်” ဆိုတဲ့နေရာကို
Right Click ထောက်ပြီး Inspect Element ကိုနှိပ်လိုက်ပါ့မယ်။



ထို့နောက်တော့  Developer Tools ဆိုတဲ့ Box ပေါ်လာမှာဖြစ်ပါတယ်။
ဒီအခါမှာ အောက်ပါပုံအတိုင်း



<span> <p> နဲ့ </p> </span> ကြားထဲက စာသားကို ပြင်မှာဖြစ်ပါတယ်။
လောလောဆယ်က ဟုတ်ကဲ့ ဦးဇာနည် ဆိုတာဖြစ်ပြီး ကျွန်တော်တို့ကပြင်ချင်
တာတစ်ခုပြင်ရေးလိုက်ပါမယ်။အောက်ပါပုံအတိုင်းပေါ့



ကျွန်တော်က ခုနက ဟုတ်ကဲ့ ဦးဇာနည် ဆိုတာကို ပြင်ပီါ် ဟုတ်ကဲ့ပါ မောင်
လို့ပြင်ရေးလိုက်ပါတယ်။ အလားတူပဲ နောက်တစ်ကြောင်းကိုလည်း RC နှိပ်
Inspect Element ကိုရွေးပီါ် အထက်ပါ လိပ်စာအတိုင်းပဲသွားပြီး မိမိ ပြင်ချင်
တာကို



အထက်ပါအတိုင်းပြင်လိုက်ပါတယ်။ ဟုတ်ပြီ ဒါဆို သူ့ဘက်က Chat List ကို
တော့ ပြင်ပြီါ်သွားပြီ ကျွန်တော့်ဘက် အေးပါ…အေးပါ… နားနားနာရ ဆိုတာကို
ပ်ြငပါမယ်။အလားတူပဲ မိမိပြင်ရေးမယ့် စာသားပေါ်မှာ Right Click ထောက်
Inspect Element ကိုရွေးပြီါ် မိမိ ပြင်ချင်တာတွေ စိတ်ကြိုက် ပြင်လိုက်ပါ့မယ်။



ကဲ မှတ်ပလား ကျွန်တော်ကတော့ ကျွန်တော့်ကို ဂျာနယ်ထဲထည့်ပြီး
Report တင်နည်းရေးသားပေးတဲ့ ဆရာကြီးကို လိုင်းသွင်းပလိုက်ပြီ
လေ။ ဒီတော့ ကျွန်တော်တို့က Chat List တွေကို ထိုနည်းအတိုင်း
မိမိစိတ်ကြိုက်ပြင်လို့ရပါတယ်။ ဒါကြောင့် Chat List တွေကို Screen
Shoot ရိုက်ပြီး တိုင်မယ် တန်းမယ်တို့လုပ်မယ့်အခါမှာ SS တွေက
တစ်ကယ်အကျုံးဝင်မှာလားပေါ့နော်…. ဒါက ကျွန်တော်က
Educational Purpose အနေဖြင့်သာရေးပေးတာပါ။ သူငယ်ချင်း
တွေကို စနောက်ရုံသက်သက်ပဲ လုပ်ကြပါရန်နဲ့ တစ်ပါးသူ ထိခိုက်
စေမယ့် နောက်ပြောင်မှုမျိုး မလုပ်ကြရန် မေတ္တာရပ်ခံပါတယ်။

နောက်တစ်ချက် Status နဲ့ Like အတုပြင်ရေးမယ်
ဒီနည်းကလည်း ခုနကသုံးတဲ့အတိုင်း Inspect Element ကိုပဲထပ်သုံးတာပါ
အရင်ဆုံးကျွန်တော်တို့က မိမိ ဆေးထိုးချင်တဲ့ အကောင့်ရဲ့ Wall ထဲကိုသွား
ပါ့မယ်



အထက်ပါပုံက သူတင်ထားတဲ့ မူရင်း Status ပါ နောက်ပြီး Like ကလည်း
171 ဖြစ်ပါတယ်။ ဒါတွေကိုကျွန်တော်တို့က အားလုံးပြင်ပလိုက်ပါ့မယ်။
ဒီတော့ ထုံးစံအတိုင်းပေါ့… မိမိပြင်မယ့် စာသားပေါ်မှာ RC ထောက် Inspect
Element ကိုရွေးပြီး…



သူက Paragraph ဖြစ်တဲ့အတွက်ကြောင့် HTML Language အရ
<p> နဲ့ </p> ဆိုတဲံကြားထဲမှာဖြစ်ပါတယ်။ အဲဒီကြားထဲက စာ
တွေကို ကျွန်တော်တို့က မိမိပြင်ချင်တဲ့စာသားတွေကို စိတ်ကြိုက်
ရေးလိုက်ပါ့မယ်။



ကဲ မှတ်ပြီလား ဒီတော့ ကျွန်တော်တို့က Like ကိုပါ ပြင်ပါမယ်။ ဆိုတော့
Like 171 ဆိုတဲ့နေရာကို RC ထောက် Inspect Element ကို နှိပ်လိုက်ပါ
မယ်။



လက်ရှိတန်ဖိုး 171 ကို မိမိစိတ်ကြိုက် Like အရည်အတွက်ကိုရိုက်ထည့်
လိုက်ပါ့မယ်



ကဲ မြင်တဲ့အတိုင်းပဲ မိမိ စိတ်ကြိုက် Like အရေအတွက်ကို ထည့်လိုက်ပါပြီ
အောက်က Comment တွေကိုလည်း သူများရေးထားတာတွေကိုလည်း
စိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်။
ကဲ အားလုံးပဲ ဒီနည်းနဲ့ စမ်းသပ်ကြည့်ရုံပါပဲ HTML အခြေခံလောက်
နည်းနည်းပါးပါးသိထားတယ်ဆိုရင် ပိုပြီး အဆင်ပြေပါတယ်နောက်တစ်ခု
က HTML ကိုလေ့လာဖို့ စာတွေအများကြီးကိုဖတ်စရာမလိုပဲ Borwser ရဲ့
Page မှာ ဘယ်လိုမျိုးလေးတွေရေးသားထားသလည်းဆိုတာကိုလည်းယခု
Inspect Element နဲ့ လေ့လာလို့ရပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်



No comments:

Post a Comment