Monday, July 20, 2015

Blue Screen of Death အကြောင်းတစေ့တစောင်း….

Blue Screen of Death အကြောင်းတစေ့တစောင်း….



ကျွန်တော်တို့ Microsoft Windows အသုံးပြုသူတိုင်း ကြုံတွေ့ဖူးကြရတဲ့
Error တစ်မျိုးပါပဲ…. ဒါကို Blue Screen of Death (BSODs) လို့ခေါ်ပါတယ်။
BSODs ကို ဘယ်လိုရှင်းမလည်းဆိုတာ မပြောခင်မှာ ဘာကြောင့် BSODs ဖြစ်
ရသလည်းဆိုတာကို အကြမ်းဖျဉ်းလေးပြောပြချင်ပါတယ်….
တစ်ကယ်တမ်း BSoD တက်တယ်ဆိုတာကတော့ သာမာန်အားဖြင့် Hardware
Error ကြောင့်ပါ။ ဘယ်အချက်တွေကို သာမာန်အားဖြင့်ခေါ်သလည်း ဆိုရင်
Memory Dump ဖြစ်တာတွေ၊ HDD Crush ဖြစ်တာတွေကတော့ ယေဘုယျ
အားဖြင့် BSoD တက်ဖို့အတွက် အာလားအလာတွေပါပဲ…. သို့ပေသိ တစ်ခါ
တစ်ရုံ Video Editing Software လိုမျိုး… Memory Load များစေမယ့် Software
လိုမျိုး၊ VGA Load များစေမယ့် Software လိုမျိုး တင်လိုက်တဲ့အခါမှာလည်း
ထိုကဲ့သို့သော BSoD ဖြစ်တတ်ပါတယ်။ ဒီလို BSoD ဖြစ်ပြီဆိုရင် ကျွန်တော်တို့
က ထို BSoD မှာပြထားတဲ့ Error Code တွေကို ဖတ်ရှုပြီးမှ ဘာကြောင့်ဖြစ်တယ်
ဆိုတာကို သိအောင်လုပ်ပြီး ဘယ်လို ရှင်းရမလည်းဆိုတဲ့ နည်းလမ်းကို ရှာဖွေ
ကြရတာပါ။ ဒီတော့ ဘယ်လိုပဲ BSoD Error တက်တက် ကျွန်တော်တို့ က
ထို Error Message Code ကို အမိအရဖတ်ကိုဖတ်ရပါမယ်။ ဒါမှလည်း ပြန်လည်
Fix လုပ်နိုင်မှာပါ။ သာမာန်အားဖြင့် BSoD ဖြစ်သွားတဲ့အချိန်ဆိုရင် Error Code
ကိုလှမ်းဖတ်ဖို့က အချိန် ခဏလေးပဲရပါတယ်။ဘာကြောင့်လည်း ဆိုတော့
System Restart က အရမ်းမြန်လို့ပါပဲ… ဒီတော့ အဲ့ဒီအချိန်မှာ Restart ကျ
သွားတာကို အချိန်ဆွဲထားနိုင်ဖို့ ကွန်ပျူတာတိုင်း မရှိမဖြစ် လုပ်ကိုလုပ်ဆောင်
ရမယ့် အချက်လေးစပြောပါပြီ အရင်ဆုံး My Computer ကို Right Click ထောက်
ပြီး System Properties ကိုသွားပါမယ်။


ထို့နောက်တော့ Advanced System Settings ထဲကိုဝင်လိုက်ပါမယ်။



ဒါဆိုရင် အထက်ပါအတိုင်းပေါ်လာတဲ့အခါမှာ Settings ကို နှိပ်လိုက်ပါမယ်။



ထို့နောက် အထက်ပါပုံအတိုင်းမှ Automaticall restart ဆိုတာလေးကို
အမှန်ခြစ်ဖြုတ်ပေးထားပါမယ်။ ဘာကြောင့် အမှန်ခြစ်ဖြုတ်ရသလည်းဆို
တော့ သင်သုံးနေတဲ့ Operating System ကရုတ်တရက် Error တက်
သွားတဲ့အခါမှာ System ကို အလိုအလျောက် ချက်ချင်း Restart လုပ်ခိုင်း
ခြင်းကို ရပ်တန့်လိုက်တာပဲဖြစ်ပါတယ်။ ဒီလိုရပ်တန့်လိုက်ခြင်းအားဖြင့်
BSoD ဖြစ်တဲ့အခါ ဖော်ပြမယ့် Error Code ကို အလွယ်တကူဖတ်ရှုနိုင်
မှာဖြစ်ပါတယ်။ကဲ… BSoD Error Code ကို ဖတ်လို့ရပြီဆိုရင် ဆက်သွား
၇အောင်…. ပုံမှန်အားဖြင့် ဘယ်လိုပဲ BSoD ဖြစ်ဖြစ် ပြထားတဲ့ Message
တိုင်းမှာ Hint တစ်ခုစီပေးထားတတ်ပါတယ်။ အဲ့ဒီ Hint တွေကို ယေဘုယျ
အားဖြင့် နားလည်ထားရပါတယ်။ ပုံလေးတစ်ခုနဲ့ ပြပါမယ်



အထက်ပါပုံအတိုင်းပေါ့…. အဓိကကတော့ ကျွန်တော်တို့က Error Code
ကိုဖတ်ဖို့က Technical Information ဆိုတဲ့နေရာမှာ STOP Code ကို
ဖတ်ရမှာဖြစ်ပါတယ်။ အများကြီးလိုက်မှတ်စရာမလိုပါဘူး 0x000000 ရဲ
အနောက်က D1 ဆိုတဲ့နေရာပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးပဲ တက်လာတက်လာ
အဲ့နောက်က Code ကို မိအောင် ဖတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ဘာ
ကြောင့်ဖြစ်တယ်ဆိုတာကိုသိပြီး ဘယ်လိုရှင်းရမယ်ဆိုတာကိုသိရှိနိုင်
မှာဖြစ်ပါတယ်။ ရှာရင်းဖွေရင်း ကျွန်တော်ရှာတွေ့မိသွားတာလေးရယ်
ကျွန်တော့် ဘလော့ထဲမှာပဲ တင်ထားပြီးသားဖြစ်တဲ့ BSoD Error Code
260 ကျော်ကို Text ဖိုင်လေးနဲ့ ဒီကနေဒေါင်းပါမယ်တင်ပေးထားပါတယ်။
ကဲ ဘယ်လိုကုဒ်ပဲလာလာ အကြမ်းဖျဉ်းလေးရှင်းရမယ့် ပုံစံလေးတွေ
ကို ထပ်ရှင်းပြပေးပါ့မယ်။
ဖြေရှင်းချက် (၁)
BSoD ဖြစ်ပြီးဆိုရင် အရင်ဆုံး Hardware တွေကို Replacement လုပ်
ရပါမယ်။ ပထမတစ်ခုအနေနဲ့ RAM (Memory) ကို Replace လုပ်ပါမယ်။



Memory ကိုဖြုတ်ပြီး ကြေးပြားလေးတွေကို ခဲဖျက်နဲ့ ဖြစ်စြဖ်၊ A4 စက္ကူ သန့်
သန့်လေးနဲ့ ဖြစ်ဖြစ်။ အသာလေးပွတ်ပြီး Band ထဲကို ပြန်ထည့်ပါမယ်။ မထည့်
ခင်မှာလည်း Memory Band ထဲမှာ ဖုန်မှုန့်တွေမရှိအောင် စုတ်တံလေးနဲ့ သန့်
ရှင်းရေးလုပ်ပေးရပါမယ်။ထို့နောက်တော့ HDD (Hard Disk Drive) ကို Replace
လုပ်ပါ့မယ်။



ဆိုလိုတာက လက်ရှိ ဆက်သွယ်ထားတဲ့ Connector တွေကို ဖြုတ်ပြီး
အသေအချာပြန်တပ်တာကိုဆိုလိုတာပါ…နောက်တစ်ခုကတော့ Power
Supply Connectors တွေကို Replacementဲပြန်လုပ်တာပါ
ဘာကြေ င့်လည်းဆိုတော့ Power Source တွေကို ပုံမှန်လည်ပတ်စီးဆင်း
နိုင်အော်င Fit လုပ်ခြင်းဖြစ်ပါတယ်။ ဒါကတော့ ပထမလုပ်ဆောင်ချက်တွေ
ပဲဖြစ်ပါတယ်။




ဖြေရှင်းချက် (၂)
နောက်ထပ်ဖြေရှင်းချက်ကတော့ ၀င်းဒိုး စတက်တက်ချင်းမှာ မလိုအပ်
တာတွေ မတက်လာနိုင်အောင် Safe Mode ထဲကနေ ၀င်တဲ့နည်းဖြစ်
ပါတယ်။ ဘာကြောင့် OS ကို Services လုပ်ရင် Safe Mode ကနေ
ဝင်ရသလည်းဆိုတော့ အကယ်လို့ Virus တွေကိုက်နေရင်လည်း
Safe mode ထဲမှာ Virus က သူ့သက်ဆိုင်ရာ ဟန်ဆောင်ထားသော
Driver တွေ တက် မ Run နိုင်အောင် မလိုအပ်သော Driver တွေ
Services တွေပိတ်ပြီး အလုပ်လုပ်သောကြောင့် Safe Mode က
System Maintain လုပ်ဖို့ အသင့်လျော်ဆုံးနေရာစြဖ်ပါတယ်။
ဒါကြောင့် Safe Mode ထဲကို ၀င်ဖို့က ပါဝါစဖွင့်ဖွင့်ချင်းကတည်းက
ကီးဘုတ်ကနေ F8 ကို နှိပ်ထားပြီး ၀င်ရပါတယ်။



ထို့နောက်တော့ Safe Mode ကနေ OS တက်လာပြီဆိုရင်တော့
Run Box ထဲမှာ “msconfig” လို့ရိုက်လိုက်ပါမယ်။ ပြီးသွားရင်တော့



အထက်ပါပုံအတိုင်း Startup Tab ထဲကနေပြီးတော့ Disable all ဆိုတာကို
နှိပ်ပြီး Apply , Close နှိပ်ပေးလိုကပါမယ်။ ဒါတွေကတော့ သာမာန်အားဖြင့်
ဖြေရှင်းတဲ့နည်းလမ်းတွေပဲဖြစ်ပါတယ်။ အားလုံးပဲ နားလည်သဘောပေါက်
မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။ တစ်စုံတစ်ရာမရှင်းလင်းမှုများအတွက်
လည်း ကျတော့ထံ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

1 comment:

  1. ကွန်ပျူတာအိုင်တီနဲ့ပတ်သတ်တာတွေ လေ့လာခွင့်ရတာ တကယ်ကျေးဇူးပါ။ လိုအပ်တဲ့နည်းပညာ အခက်အခဲလေးတွေကိုလည်း ကူညီပေးစေချင်ပါတယ်....။

    ReplyDelete