Sunday, August 16, 2015

Windows8 မှာ Shutdown ချလျှင်မကျသည့်ပြဿနာအားဖြေရှင်းနည်း

Windows8 မှာ Shutdown ချလျှင်မကျသည့်ပြဿနာအားဖြေရှင်းနည်း



ကျတော်တို့ MBF (Myanmar Blogger Family) မှ ရေဘေးသင့်ပြည်
သူများအတွက် အလှူခံထွက်ရာ (လှည်းတန်းဂုံးတံတားအောက်) သို့
ကွန်ပျူတာတစ်လုံးရောက်လာပါတယ်။ဖြစ်ပုံက ထိုစက်အတွင်း Kali
Linux နဲ့ Windows8 ကို Dual Boot တင်ထားပါတယ်။ ယခင် Kali
Linux နဲ့ Windows7 ကိုတင်တုန်းကတော့ ထိုကဲ့သို့  Shutdown
မကျခြင်း ( Computer ကို System Shutdown ချလိုက်လျှင် Sleep
Mode လိုလို Hibernate လိုလိုဖြစ်ခြင်း)မဖြစ်ပဲ Windows 8 နှင့်ကျမှ
ထိုကဲ့သို့ဖြစ်တယ် လို့ဆိုလာသောကြောင့် System များနှင့် Hardware
ကို စစ်ဆေးကြည့်တာ တော်တော်နဲ့ ရှင်းလို့မရခဲ့ပါဘူး။ ကျတော်ကိုယ်
တိုင်ကလည်း Window 8 ကို စပေါ်တုန်းကပဲ Feature တွေအတွက်
ဘာတွေကောင်းလည်းလို့ပဲ စမ်းသပ်သုံးစွဲခဲ့ပြီး စတိုက်မတ်မတ်မသုံး
ခဲ့တော့ အကျွမ်းတ၀င်မရှိခဲ့တာလည်း ပါတာပေါ့။ ဒါပေမယ့် ထုံးစံအတိုင်း
ပေါ့ဗျာ ဆရာ (Google) ဆီပြေးရတာပေါ့…. ရှင်းလင်းရတဲ့ပုံစံကတော့
အရင်ဆုံး Control Panel ကိုသွားရပါတယ်။ ထို့နောက်တော့ Power
Option ကိုနှိပ်ပြီးအောက်ပါပုံအတိုင်း



Choose what the power button does ဆိုတာကို နှိပ်လိုက်ပါမယ်။ ပြီးသွား
ရင်တော့ လက်ရှိရှိနေတဲ့ Power Plan ကနေပဲ Advance ကို သွားလိုက်ပါမယ်။
ထို့နောက်တော့



အောက်နားက မျှား၃ ခုပြထားတဲ့နေရာတွေမှာ အမှန်ခြစ် ၀င်နေလို့ဖြစ်ပါတယ။်
ဒါကြောင့် ကျတော်တို့က အပေါ်ဆုံးမှာပြထားတဲ့ Change settings that are
Currently unavailable ဆိုတာကို နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ အောက်ပါ
ပုံအတိုင်းပေါ်လာပြီဆိုရင်တော့



အထက်ပါ Shutdown settings ဆိုတဲ့ Option အောက်က ပေါ်နေတဲ့
အမှန်ခြစ်တွေအကုန်လုံးကို ဖြုတ်လိုက်ပါ့မယ်။



အထက်ပါပုံအတိုင်း အမှန်ခြစ်တွေပြုတ်သွားပြီဆိုရင်တော့ Save Changes
ဆိုတာကိုနှိပ်ပေးလိုက်ပါ့မယ်။ဒါဆိုရင်တော့ ခုနကနေရာဖြစ်တဲ့ Choose
What the power button what the does ဆိုတဲ့နေရာကနေပြန်ကြည့်မယ်
ဆိုရင်တော့အောက်ပါပုံအတိုင်း



ပေါ်နေမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ ခုနကလိုမျိုး Window ကို System Shutdown
ပဲဖြစ်ဖြစ်။ Power Button ပဲဖြစ်ဖြစ် နှိပ်လိုက်မယ်ဆိုရင်တော့ ပုံမှန်အတိုင်း သင့်
Windows 8 ရဲ့ System က Shutdown ဖြစ်သွားမှာဖြစ်ပါတယ်။
အားလုံးပဲ အဆငိပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ ဦးဇာနည် 

1 comment:

  1. window 8 မှာ မြန်မာဖောင့် -Win----innwa ဖောင့် ကို Word ထဲမှာ ရိုက်တာ ဖောင့်က မြန်မာလိုမပေါ်ဘူး W01 Arthouse ကျတော့ ပေါ်တယ် ဘိုလုပ်ရလဲ ဥဥ

    ReplyDelete