Thursday, November 12, 2015

RAM ရဲ့ Speed ကို မြှင့်ပေးမယ့် VBS ဖိုင်လေးဖန်တီးရအောင်

RAM ရဲ့ Speed ကို မြှင့်ပေးမယ့် VBS ဖိုင်လေးဖန်တီးရအောင်



ကျတော်အရင်ကတော့ RAM ရဲ့ Speed ကို မြှင့်ဖို့အတွက်ရေးပေးခဲ့ဖူးပါတယ်
အဲ့တုန်းကတော့ Virtual Memory ကိုတိုးမြှင့် သတ်မှတ်တာကိုခေါ်တာပါ။
Virtual Memory ဆိုတာက Hard Disk ပေါ်မှာ Swap File အနေနဲ့ နေရာ
တစ်ခုဖန်တီးပြီး Process လုပ်နေတဲ့ Program အချို့ကို RAM သဖွယ်ဆွဲယူ
သုံးစွဲတာကို ဆိုလိုတာပါ။ အခုတစ်ခါပြောမယ့် အကြောင်းအရာကတော့
ကျတော်တို့ အရင်က Script ဖိုင်ကို အပျော်သဘောလေတွေရေးခဲ့ဖူးကြပါတယ်
ဒီတစ်ခါ ကျတော်က အပျော်သဘောမဟုတ်ပဲ မိမိကွန်ပျူတာရဲ့ Performance
ကိုတက်လာစေမယ့် Script ဖိုင်လေးတစ်ခုဖန်တီးပြီး လုပ်ဆောင်တဲ့နည်းကို
ပြောမှာဖြစ်ပါတယ်။ စကားတွေတောင်ရှည်သွားပြီး မု …. မု… ဟျောင့်….. :P
အရင်ဆုံး Run Box ထဲမှာ “notepad” လို့ရိုက်လိုက်ပါမယ်။



ပြီးသွာရင်တော့ ကျတော်တို့က မိမိကွန်ပျူတာမှာ လက်ရှိရှိနေတဲ့ Physical Memory
ကို အရင်သိထားရပါမယ်။ ဥပမာ သင့်ရဲ့ Memory Size ဟာ
1GB ဆိုရင် FreeMem=Space(102400000)
2GB ဆိုရင် FreeMem=Space(204800000)
4GB ဆိုရင် FreeMem=Space(409600000) ဆိုပြီး Notepad ထဲမှာ ကူးရေး
ပါမယ်။ အခု ကျတော့ ကွန်ပျူတာက Memroy 4GB ရှိတဲ့အတွက်ကြောင့်



လို့ရိုက်လိုက်ပါတယ်။ ပြီးသွား၇င်တော့ ကျတော်တို့ ထို Script ကို အလွယ်
တကူ ယူပြီး Run နိုင်ဖို့အတွက် Desktop ပေါ်မှာပဲ



အထက်ပါပုံအတိုင်း *.vbs ဖြင့် မှတ်လိုက်ပါတယ်။



ဒါဆိုရင် သင့်ကွန်ပျူတာကိုနှေးနေတယ်လို့ ထင်နေချိန်၊ သို့မဟုတ်
နှေးနေတယ် အမြဲတမ်း မြန်စေချင်တယ်ဆိုရင် ထို ဖိုင်ကို သွားပြီး
Double Click နှိပ်ပီး သင့်ကွန်ပျူတာရဲ့RAM ကို တိုးမြှင့် အသုံးပြုနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni @ဦးဇာနည်

No comments:

Post a Comment