Tuesday, December 1, 2015

Facebook မှာ သင် Like လုပ်ထားတဲ့ Page တွေကိုဖွက်ထားမယ်

Facebook မှာ သင် Like လုပ်ထားတဲ့ Page တွေကိုဖွက်ထားမယ်



Facebook မှာ သင် Like လုပ်ထားတယ်ဆိုတာကတော့ အချို့ကတော့
ယောင်္ကျားလေးမှန်ရင် ပုထုဇဉ် ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်လေ
18+ တွေကို Like လုပ်ထားမိကြပါတယ်။ သို့ပေမယ့် အချို့ အချို့သော
လူတွေက အကောင့်တစ်ခု သူတို့ကို Friend Request လာပို့တဲ့အခါ
ထိုသူရဲ့ Wall ထဲကို အရင်သွားလေ့လာကြတာရှိပါတယ်။ ထိုသူဘာတွေ
တင်တတ်သလည်း၊ ဘာတွေကို Like လုပ်သလည်း စသဖြင့် ခန့်မှန်းပြီး
လက်ခံကြပါတယ်။ ဒီနေရာမှာ သင်ဟာ လူကြီးတစ်ယောက်ဖြစ်နေမယ်။
မထင်မှတ်ပဲ  18+ တစ်ခုခုကို Like လုပ်မိသွားတယ်ဆိုရင် Unlike ပြန်
လုပ်စရာမလိုပါဘူး။ Facebook ကပေးထားတဲ့ Privacy Policy နဲ့ပဲ
သူများတွေမမြင်အောင် ပိတ်ထားလို့ရပါတယ်။ ဘယ်လိုလုပ်ရမလည်း
ဆိုတော့ အရင်ဆုံး သင့်အကောင့်ထဲကို ၀င်ပါမယ်။ပြီးသွား၇င်တော့
မိမိ Profile ထဲကနေပြီးတော့ သင် Like လုပ်ထားတဲ့ Page တွေရှိတဲ့
ဘယ်ဘက်ခြမ်းကိုသွားပါမယ်။ အောက်ပါပုံအတိုင်းပေါ့…



ပြီးသွားရင်တော့ ကျတော်တို့က Like ဆိုတဲ့နေရာမှာ



အထက်ပါပုံအတိုင်း Edit ကိုနှိပ်လိုက်ပြီး Edit Privacy ဆိုတာကိုနှိပ်လိုက်ပါမယ်။
ဒါဆိုရင် သင် Like လုပ်ထားသမျှ အကြောင်းအရာတွေကအောက်ပါပုံအတိုင်း



ပေါ်နေမှာဖြစ်ပါတယ်။ ဒါကို ကျတော်တို့က သူများတွေကို ပေးမမြင်ချင်တဲ့
အတွက်ကြောင့် လက်ရှိဖြစ်နေတဲ့ Public Privacy  ကို မျှားလေးချပြီး



အထက်ပါပုံအတိုင်း Only Me ဆိုတာလေးတွေရွေးပေးလိုက်ရုံပါပဲ….
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


No comments:

Post a Comment