Thursday, December 10, 2015

ခန့်မှန်းရခက်တဲ့ G-mail တစ်ခု ဘယ်လိုပေးမလည်း ?

ခန့်မှန်းရခက်တဲ့ G-mail တစ်ခု ဘယ်လိုပေးမလည်း?



ယနေ့ကျတော်ပြောချင်တဲ့အကြောင်းအရာကတော့ Facebook
ပေါ်မှာ Recovery သမားတွေအများဆုံး G-mail ကို ခန့်မှန်းပြီး
Account တွေကို Hack လုပ်တဲ့ရန်ကနေကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။
ဆိုလိုတာကတော့ အသုံးပြုသူ Normal User အများစုက မိမိအကောင့်
ရဲ့ Mail ကိုပေးတဲ့အခါမှာ ဥပမာ.. User ရဲ့ နာမည်က Zarni Thann Wynn
ဆိုပါစို့… ပုံမှန်ဆိုရင်တော့ ထို User က သူ့ရဲ့ Mail ကို zarnithannwynn@gmail.com
သို့မဟုတ် mr.zarnithannwynn@gmail.com လို့ပဲပေးမိမှာပါ။ ဘာကြောင့်
အရှေ့က mr. ဆိုတာထည့်ရသလည်း ဆိုတော့ အသုံးပြုသူဟာ ယောင်္ကျားလေး
ဖြစ်တဲ့အတွက်ကြောင့် mr. ဆိုတဲ့စာသားကိုခံသုံးတာပါ။ ဒါဆိုရင်အကယ်လို့
Reocvery သမားတစ်ယောက်က ထိုUser ရဲ့ အကောင့်ကို Hack လုပ်ချင်တဲ့
အခါမှာ ထုံးစံအတိုင်း ထိုသူရဲ့ G-mail ကို ဘာသုံးထားလည်း ဆိုတာသိရှိဖို့
အတွက် Facebook ကနေ Forget Password နှိပ်ပီး အောက်ပါပုံအတိုင်း




ခန့်မှန်းပါလိမ့်မယ်။ ဒီနေရာမှာ Password Reset ချဖို့အတွက် Mail သတ်
မှတ်ထားတဲ့နေရာမှာ အရှေ့ဆုံးစာလုံးနဲ့အနောက်ဆုံး စာလုံးမရောက်ခင်ကြား
က *******  တွေကို အလုံးအရေအတွက်အလိုက်မှတ်သားလိုက်ပါတယ်။
ပြီးသွားရင်တော့ခုနက ချရေးချရေးထားတဲ့ နာမည် Zarni Thann Wynn သို့မဟုတ်
Mr. Zarni Than Wynn စတဲ့ အလုံးအရေအတွက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး
G-mail ရဲ့ Recovery Page မှာ ရိုက်ထည့်ပြီး စစ်ကြည့်လိုက်ပါတယ်။



ကျိန်းသေသလောက်ရှိသွားပီဆိုရင်တော့ ကျတော်တို့က ထို နာမည်နဲ့
G-mail ကို Recover ဆွဲကြည့်လိုက်ပါမယ်။အထက်ပါပုံအတိုင်းပေါ့…




ဒါဆိုရင် ကျိန်းသေပါတယ်။ ဒီနာမည်နဲ့ ဒီ Mail ကိုသုံးတာပါ။ ဒီတော့
ကျတော်တို့လို့ Normal User တွေက မိမိရဲ့ Mail ကိုပေးတဲ့အခါမှာ
နာမည်အရင်းတွေကို ပေးပြီးသုံးစွဲတတ်ကြတာများပါတယ်။ ဒီဟာအား
နည်းချက်တစ်ခုပါပဲ… ဒီတော့ ကျတော်တို့က ဒီလိုအားနည်းချက်ကို
Recovery သမားတွေ Guess လုပ်ဖို့မလွယ်အောင် နာမည်အရင်းကို
မိမိ အသုံးပြုတဲ့ Mail အတွက် အသုံးပြုမယ်ဆိုရင်တောင် အတိအကျ
မရေးပဲနဲ့.. ဥပမာ အားဖြင့်…… zarnithannwynn@gmail.com ဆိုပါစို့
ဒီနေရာမှာ ကျတော်တို့က zarn1thannwynn@gmail.com လို့သုံးမယ်
ဆိုရင်ပိုပြီး အဆင်မပြေဘူးလား ? … ပြေတာပေါ့.. မိမိနာမည်နဲ့ အကောင့်
စဖွင့်ကတည်းကလည်းလွယ်လွယ်ကူကူဖွင့်လို့ရသလို Recovery သမားတွေ
ထိုအကောင့်ကို လိုက်တဲ့အခါမှာလည်း မျက်စိလည်သွားတတ်ပါတယ်။ ဆိုလို
တာက ထိပ်ဆုံးစာလုံး z************n@gmail.com ဆိုတာမှန်ပေမယ့်
ဘာကြောင့် Recovery ဆွဲလို့မရတာလည်း ဆိုတာ မိမိကမပြောရင် အလွယ်
တကူသိနိုင်မှာမဟုတ်ပါဘူး။ ဒီတစ်ချက်က သင့်အကောင့်ကို Recovery ဆွဲတဲ့
အခါမှာ Safe side ဖြစ်စေပါတယ်။ နောက်ထပ်နာမည်တစ်ခုအနေနဲ့ဥပမာ
ပြရင် heinkyawswartun@gmail.com ဆိုတာကိုသိထားရင်သူ့အကောင့်ရဲ့
G-mail ကို လိုက်ကြည့်တဲ့အခါမှာ




လို့ပြနေပါလိမ့်မယ်။ ဒီတော့ သူ့နာမည် heinkyawswartun@gmail.com ဆိုတာကို
သုံးတာထက် h3inkyawsw4rtun@gmail.com လိုမျိုး “ i ” တို့ “  a ” တို့နေရာမှာ
တစ်ခြား ဂဏာန်းတွေအစားထိုးထည့်သုံးရင် ပိုပြီး အဆင်ပြေစေပါတယ်။အခုကျတော်
ပြောသွားတဲ့အဆင့်တွေက G-mail ရဲ့ အကောင့် Name ကို အလွယ်တကူခန့်မှန်းရ
ခက်အောင် ပေးတဲ့နည်းပဲဖြစ်ပါတယ်။ အကယ်လို့ သင့် G-mail ကို Security တွေ
မခံရသေးဘူးဆိုရင်တော့ အောက်ပါလင့်ခ်တွေမှာ သွားရောက်ဖတ်ရှု ပါဦး…..
# G-mail ကို 2 Step ခံထားဖို့အတွက်
# Facebook ကို Security မြှင့်ထားဖို့အတွက်
အားလုံးအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
စာဖတ်သူမိဘပြည်သူအပေါင်းကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်


1 comment: