Sunday, January 10, 2016

USB Stick ကို Virus လုံးဝမကိုက်အောင်လုပ်ဆောင်ခြင်း

USB Stick ကို Virus လုံးဝမကိုက်အောင်လုပ်ဆောင်ခြင်း




ဒီအကြောင်းအရာလေးကိုတော့ ကျတော် လွန်ခဲ့တဲ့ ၂၀၀၇ အစောပိုင်း
လောက်ကတော့ရေးပြီးသားပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာလည်း USB
ဆိုတာ အမြဲတမ်း Portable Devices ဖြစ်တဲ့အတွက်ကြောင့် Virus
ဆိုတာကတော့ ထိမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က
သင်ကိုင်ထားတဲ့ Memory Stick ကို Virus ကိုက်ခြင်း အလျှင်းမရှိရလေအောင်
လုပ်ဆောင်ထားရင် အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ လုပ်ငန်း
သို့မဟုတ် ဌာနဆိုင်ရာ၊ Software တွေကို မိမိရဲ့ Stick ထဲမှာ လုံခြုံစွာ
ထည့်သိမ်းထားနိုင်မှာဖြစ်ပါတယ်။အရင်ဆုံး ကျတော်တို့က မိမိ USB
Stick ကို အရင်ဆုံး Format ချမှာဖြစ်ပါတယ်။ ဒါကြောင့် သင်က
သင့်ကွန်ပျူတာထဲကနေသွားရမယ့်နေရာကတော့..
Keyboard ပေါ်မှ Run Box ကို နှိပ်လိုက်ပါမ့ယ်




ထို့နောက်တော့ အထဲမှာရိုက်ရမယ့် စာကတော့ “ diskmgmt.msc “
ဆိုပြီးရိုက်လိုက်ပါ့မယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း




သင့်ကွန်ပျူတာထဲမှာရှိသမျှ Drive တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီနေရာမှာ သင့်ရဲ့ Memory Stick က Removable Device ဖြစ်တဲ့
အတွက်ကြောင့် သင့်ရဲ့ Device Column ကိုသိရမှာဖြစ်ပါတယ်။
ဒီနေရာမှာ ကျတော့ရဲ့ Stick Drive Letter က (I:) ဖြစ်ပါတယ်။
အဲ့ဒီနေရာမှာ ကျတော်က တစ်ခုပြောချင်တာကတော့ ထို Stick
ရဲ့ File Format ပဲဖြစ်ပါတယ်။ အဲ့ဒီမှာ ကျတော်တို့က Memory Stick
ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ File Format က FAT32 File System
ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျတော်တို့က ထို Drive Letter I: ကို
Right Click ထောက်ပြီးတော့



အထက်ပါအတိုင်းမှ Format ကိုရွေးချယ်လိုက်ပါ့မယ်။ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း
Drive Letter I ကို Format ချဖို့အတွက် Box ပေါ်လာပါလိမ့်မယ်။
ဒီနေရာမှာ ကျတော်တို့က File System က လက်ရှိအနေအထား
အရ FAT32 ဖြစ်နေပါမယ်။ ဒါကို ကျတော်တို့က Security အားသာ
တဲ့ NTFS File System ကို ပြောင်းပါ့မယ်။ အောက်ပါပုံအတိုင်းပေါ့

ထို့နောက်တော့ ကျတော်တို့က Perfom a quick format ဆိုတာကို
အမှန်ခြစ်လေးဖြုတ်ပြီးတော့ OK နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့


အထက်ပါပုံအတိုင်း သင့် Stick ကို အထဲမှာရှိသမျှ ဒေတာတွေပျက်
သွားမယ် ဆက်လုပ်မှာလားဆိုတဲ့ Warning Message ပေါ်လာပါ့မယ်။
ကျတော်တို့က Format ချမှာဖြစ်တဲ့အတွက် OK နှိပ်လိုက်ပါ့မယ်။
ဒါဆိုရင်တော့ System က သင့်ရဲ့ Memory Stick ကို FAT32 မှ
NTFS File System အဖြစ်သို့



အထက်ပါပုံအတိုင်း Format ချနေမှာဖြစ်ပါတယ်။ဒီနေရာမှာ
အနည်းငယ်ကြာပါလိမ့်မယ်ပြီးသွားရင်တော့


အထက်ပါပုံအတိုင်း သင့်ရဲ့ Memory Stick က NTFS File Format
နဲ့ ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျတော်တို့ ထို Stick ကို
Virus လုံးဝမကိုက်အောင်စပြီး Permission တွေသတ်မှတ်မှာဖြစ်ပါတယ်။
ဒီအချိန်မှာ သင်က သင့် Stick ထဲမှာ အမြဲတမ်းသုံးမယ့် Software တွေ၊
Data တွေ၊ လုံးဝပျက်လို့မရတဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို
အရင်ထည့်ထားပါ့မယ်။


အထက်ပါအတိုင်း သင့်စိတ်ကြိုက် အရေးကြီးပြီး အမြဲတမ်းသုံးတဲ့
Data တွေကို ထည့်ပီးသွားပြီရင်တော့ကျတော်တို့က ထို Stick ကို
Right Click ထောက်ပြီး


အထက်ပါပုံအတိုင်းမှ Properties ကို နှိပ်လိုက်ပါ့မယ်။ ဒါဆိုရင်တော့
အောက်ပါပုံအတိုင်း


Disk Properties ပေါ်လာပါလိမ့်မယ်။ ဒီအနေအထားမှာ General ဆိုတဲ့
နေရာမှာပဲ ရှိနေမှာပါ ။ ဒါကို ကျတော်တို့က Security Tab ကို နှိပ်လိုက်ပါ့မယ်။


ထို့နောက်တော့ အထက်ပါပုံအတိုင်း Security Tab နေရာရောက်ပြီ
ဆိုရင်တော့ ကျတော်တို့က မျှားအနီရောင်လေးပြထားတဲ့ Advanced
ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒါဆိုရင်….


အထက်ပါပုံအတိုင်း Permissions ဆိုတဲ့နေရာကိုရောက်လာပါလိမ့်မယ်။
ဒီအချိန်မှာ ကျတော်တို့က မျှားအနီရောင်လေးပြထားတဲ့ Change Permissions
ဆိုတာကိုနှိပ်လိုက်ပါ့မယ်။ထို့နောက်


အထက်ပါပုံအတိင်းပေါ်လာလျှင် ကျတော်တို့က Permission ပြောင်းလည်း
သတ်မှတ်ဖို့အတွက် Edit ဆိုတာကို နှိပ်လိုက်ပါ့မယ်။ဒီနေရာမှာ ကျတော်
တို့ကအောက်ပါပုံအတိုင်းပေါ်လာပါလိမ်မ့ယ်


ဒါဆိုရင်ကျတော်တို့ လက်ရှိရနေတဲ့ Stick ရဲ့ Permission ကတော့
Fully Controlled ဖြစ်နေပါတယ်။ ဒီလို Full Control ဖြစ်နေတယ်
ဆိုရင် ကျတော်တို့က ထို Stick ကို  Data Transfer လုပ်ခြင်း
ဖိုင်အသစ်များထည့်သွင်းခြင်း၊ ဖိုင်များအားဖတ်ရှုခြင်း၊ ဖိုင်များအား
ဖျက်စီးခြင်း စတဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ဒီလိုမျိုး Full Permissions ပေးထားတယ်ဆိုရင် အကယ်လို့ ကွန်ပျူတာ
မှာ Virus ရှိတယ်ဆိုရင် ထို Stick ထဲကို Virus ၀င်မှာကျိန်းသေပါပဲ…
ဒါကြောင့် ကျတော် အစမှာ ဖော်ပြခဲ့သလိုပေါ့။ Stick ကို ဗိုင်းရပ်စ် လုံးဝ
မ၀င်အောင် လုပ်မှာဖြစ်တဲ့အတွက်ကြောင့် လက်ရှိ ရှိနေတဲ့ Permission
တွေကို ပြန်လည်ပြောင်းလဲသတ်မှတ်မှာဖြစ်ပါတယ်။ ဒီတော့ ကျတော်တို့က
အောက်ဖော်ပြပါပုံအတိုင်း အမှန်ခြစ်လေးတွေကို သတ်မှတ်ပေးပါ့မယ်။


အထက်ပါအတိုင်း လက်ရှိဖြစ်နေတဲ့ Full Control မှာ Allow
ကနေ Deny ဖက်ခြမ်းကိုလုပ်ထားတဲ့အတိုင်း ပြောင်းလဲသတ်မှတ်လိုက်ပါ့မယ်
ထို့နောက်တော့ OK နှိပ်လိုက်ပြီး Apply ကို နှိပ်လိုက်တဲ့အချိန်မှာတော့


အထက်ပါပုံအတိုင်း Warning Message ပေါ်လာမှာဖြစ်ပါတယ်။
ဒါကတော့ ခုနက သင်သတ်မှတ်လိုက်တဲ့ Permissions တွေကို
လုပ်မှာလားလို့မေးတာဖြစ်ပါတယ်။ ကျတော်တို့က Yes လို့ နှိပ်လိုက်ပါ့မယ်
ဒါဆိုရင် ထပ်ပြီး Apply ကို နှိပ်လိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်း ခုနက သင်သတ်မှတ်ထားတဲ့ Permission ကို
Effect ဖြစ်ဖို့အတွက် သင့် Stick ထဲမှာရှိတဲ့ Data တွေကို Encryption
လုပ်နေတာဖြစ်ပါတယ်။ပြီးသွားရင်တော့ OK/ OK လုပ်လိုက်ပါ့မယ်။
အားလုံး OK လုပ်ပြီးသွားတဲ့အချိန်မှာတော့ သင့် Stick ကို My Computer
ကနေတစ်ချက် ပြန်ဖွင့်ပါ့မယ်။ထိုအထဲကမှ တစ်ခုခုကို Shift + Del နဲ့
နှိပ်ကြည့်တဲ့အခါမှာ


အထက်ပါပုံအတိုင်း ဖျက်လို့မရတဲ့ Error Message ကို ပြမှာဖြစ်သလို
တစ်ခြားကွန်ပျူတာသို့မဟုတ် Stick ထဲကမဟုတ်တဲ့ တစ်ခြားနေရာက
နေ Data တွေကို Stick ထဲကို ကူးယူတဲ့အခါမျိုးမှာလည်း


အထက်ပါပုံအတိုင်း ကူးလို့မရတဲ့ Error Message ကို ပြနေမှာပါ။
ထို့အတူပဲ ထို Stick ထဲမှာ


Folder, File, တွေကို အသစ်လုပ်တဲ့အခါမှာလည်းအောက်ပါပုံအတိုင်း


Error Message ပြနေမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ Memory Stick ကို
ဘာ Software မှ မသုံးပဲနဲ့ Windows မှာပါတဲ့ Third Party Utilities
နဲ့ Permission တွေသတ်မှတ်ပြီး ကွာကွယ်လိုက်တာဖြစ်ပါတယ်။
ဒီလောက်ဆို အားလုံးအဆင်ပြေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မရှင်းလင်းတာတွေကိုလည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်



2 comments:

  1. ကိုယ်ကိုယ်တိုင်ကူးထည့်လိုက်ရင်ရောဗျာ....admin --right မေးရင်လည်း agree လုပ်လိုက်မယ်လေ :p ;P :P

    ReplyDelete
  2. လူလည်ကြီး မိုက်တယ် ဥဥ
    စဉ်းစားတက်တာကို လေးစားပါတယ်

    ReplyDelete