Saturday, October 19, 2013

ကွန်ပျူတာ ကို Shutdown လုပ်တာ ... ကို မြန်ချင်ရင် ဒီလိုလေး လုပ်လို့ ရပါတယ်

အရင်ဆုံး ကို Window Key + R ကို နိုပ် ပြီးတော့ ....
Regedit လို့  ရိုက်လိုက်ပါ ... ပြီးရင် အောက်က အတိုင်း သေသေချာချာ သွား ပြီးတော့ ကိန်းဂဏန်းလေး တစ်ချို့ ကို ပြောင်း ပေးလိုက် ပါ

Malwarebytes 6.1 64bit Full Version


Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ, Keylogger နှင့် Hacking tooll များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။ မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။ ဒီလိုအချက်လေးတွေကြောင့် မမိုးအကြိုက်ဆုံးထဲမှာ ပါလို့ အများကိုလဲ မျှဝေချင်လို့ တင်ပေးလိုက်ပါတယ်။


Software - Malwarebytes 6.1 Full Version
To use - Window 7 (64 bit) 



Win Rar Password      -      moe

Blogger များအား ထာဝရ လေးစားလျှက်
မိုး

USB Disk Security 6.1.0 Window 7 64bit

မိုးတို့ ဒီဘက်ခေတ်မှာ USB Data  Traveler or USB Thumb Drive or  လူအများ အခေါ် Memory Stick ကို အတော်လေးသုံးကြပါတယ်။ ကဲ ဒီလိုသုံးပြီဆိုရင် ဘာတွေဖြစ်လာနိုင်လဲ? Virus တွေကို ပေါင်းကူးပေးဖို့ အကောင်းဆုံးသော အရာလေးတွေပေါ့။ စက်တလုံးကနေ တလုံး Virus တွေကို သယ်ဆောင်နေကြတာပေါ့။ ဒါဆို USB Storage တွေကို မသုံးဘဲရော နေလို့ရမလား။ မရနိုင်ဘူးနော်။ ဒါဆို Virus တွေကာကွယ်ဖို့ ကိုယ့်ဘက်ကလဲ တခုခု ဆောင်ထားရမှာပေါ့။ ဒီsoftware လေးက မိမိစက်ထဲ USB မှ သယ်ဆောင်လာသော Virus များကို သတ်ပေးပါတယ်။ မမိုးအမြဲသုံးနေကြ software လေးမို့ အားလုံးကို မျှဝေချင်လို့ တင်ပေးလိုက်ပါရှင်။
Software Type - Antivirus
Software Name - USB Disk Security 6.1.0.432
Use to - Window 7 64bit


Download

Win Rar Password      -      moe

Blogger များအားလုံးအား ထာဝရလေးစားလျှက်

မိုး

Monday, October 14, 2013

Hacker Handbook ကောင်းလေးပါ....

Hacking ကိုစိတ်ဝင်စားတဲ့ညီငယ်လေးတွေအတွက်
Bots အကြောင်း၊ Ddos အကြောင်းတွေအပြင်အခြား
သော Stealing အကြောင်းလေးတွေကိုဖတ်လို့ရ
အောင်လို့ Software လေးတစ်ခုတင်ပေးပါရစေ...



Software Title ကတော့ Hacker Handbook ဖြစ်
ပီး Logo ကတော့ Black Hat ဆိုပေမယ့် မြန်မာပြည်
တွင်းမှ ညီငယ်၊ ညီမငယ် Hacking ကိုစိတ်ဝင်စားသူ
တွေအားလုံးကို  Gray အဆင့်လောက်တော့ရှိစေချင်
ပါတယ်....တစ်ခုမှာချင်တာက စစ်မှန်သော Anonymous တို့မည်
သည် သူတို့ကို သူတို့ ဘယ်သောအခါမှ I’m a Anonymous
ဟု မကျွေးကြော်ပါ..... ဒါလေးတစ်ခုတော့မှတ်ထားစေချင်
ပါတယ်.... မိမိတတ်ကျွမ်းသွားတဲ့ Hacking Technique ပိုင်း
ကို ကောင်းတဲ့ဘက်မှာ အသုံးချတတ်စေပီး၊ Security ပိုင်း
နဲ့ Recovery အပိုင်းကိုသာ အလေးထားလေ့လာစေလိုပါ
တယ်။ Attacking ကတော့ မိမိဘာသာ၊ မိမိလူမျိုး၊ မိမိနိုင်ငံ
ကိုထိပါးလာတဲ့အခါမှာတော့...... ??????????????????
Software ကိုစိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

Saturday, October 12, 2013

mHotSpot ဆိုတာလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ


ကျွန်တောအရင်ကလည်း WiFi HotSpot လွှင့်တာနဲ့
ပတ်သက်ပီးတော့ အများကြီးတင်ပေးထားပါတယ်။
ဘာ Software မှမသုံးပဲ ကွန်ပျူတာကနေ WiFi ပြန်
လွှင့်နည်း၊ Software သုံးပြီး WiFi ပြန်လွှင့်နည်းစသဖြင့်
ပေါ့... အခုတစ်ခါ ပေးချင်တာလေးက ကျွန်တော်ကြုံရ
တာလေးတစ်ခုနဲ့ ယှဉ်ပီးပြောပြချင်ပါတယ်။ ကျွန်တော်
တို့ရုံးမှာက Internet Connection ကို Limited လုပ်ထား
ပါတယ်။ ဆိုလိုတာက Network Access အတွက် MAC
Address တွေနဲ့ သတ်မှတ်ထားတာပါ။ ဒီတော့ Password
ကိုသိတာတောင်မှ သူ့ Network ကို Connect တော့ဖြစ်သွား
မယ်ဒါပေမယ့် Internet Access ရမှာမဟုတ်ပါဘူး။ဒီတော့
ကျွန်တော့်အတွက် သုံးဖို့ Laptop တစ်လုံးကနေ ရတဲ့ အင်
တာနက်ကော်နပ်ရှင်လေးကို အခု ကျွန်တော်တင်ပေးမယ့်
mHotSpot ဆိုတာလေးနဲ့ Run ပီး ကျွန်တော့်ဖုန်းလေးကနေ
သုံးလို့ရအောင် ပြန်လုပ်ထားရပါတယ်။ ဒီကောင်လေးရဲ့
အားသာချက်က ကျွန်တော်တို့ Connectify တို့လို Network
အတွက် Process အများကြီးမယူထားတဲ့အတွက်ကြောင့်
ကွန်ပျူတာရဲ့ Performance ကိုလည်း လျော့နည်းသွားခြင်း
မရှိပါဘူး။ ကဲဆက်လိုက်ရအောင်လားဗျာ...... ဒီကောင်လေးကို
SSID Name သတ်မှတ်ဖို့နဲ့ Password သတ်မှတ်ဖို့ကလည်း
လွယ်ကူပါတယ် အောက်ပါပုံအတိုင်းမှ



HotSpot Name နေရာမှာတော့ မိမိ နှစ်သက်ရာအမည်ကို
သတ်မှတ်ပေးပီး Password နေရာမှာလည်း မိမိ နှစ်သက်ရာ
ကို သတ်မှတ်ပေးလို့ရပါတယ်။သူ့မှာ တစ်ခုအားသာချက်က
ဘာလည်းဆိုတော့ သင် Share ထားတဲ့ Network Access
ကို စက်အလုံးအရေအတွက်သတ်မှတ်ထားလို့ရပါတယ်။
၎င်းကိုသတ်မှတ်ဖို့အတွက်ကတော့ Max Clients ဆိုတဲ့
နေရာမှာ မိမိသတ်မှတ်ချင်တဲ့ အရေအတွက်ကိုသတ်မှတ်
ပေးရုံပါပဲ...သင့် Network ကို Link ရနေတဲ့စက်တွေကို
တော့ ညာဘက်ခြမ်းကနေ IP Address, MAC Address
စသဖြင့် အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်။သုံးရတာ
လည်းလွယ်ကူသလို။ဖိုင်စိုက်ဒ်အားဖြင့်လည်း သေးငယ်
သောကြောင့် ဒေါင်းလုပ်ဆွဲရာမှာလည်း အဆင်ပြေမယ်
လို့ထင်ပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့

Friday, October 11, 2013

SCREEN SHOOT ကောင်းလေးမို့လို့ တင်ပေးပါရစေ

ကျွန်တော် Screen Shoot Application ပေါင်းစုံသုံးခဲ့ဖူးပါတယ်
အခုကောင်လေးကတော့ အမှန်တိုင်းဝန်ခံရရင် ကျွန်တော်
Android ဖုန်း စကိုင်ကတည်းက One Mobile ကနေဒေါင်းလုပ်
ဆွဲပီး သုံးထားတဲ့ကောင်လေးပါ... သူက သင့်ဖုန်းကို Root
Access ရှိစရာမလိုပါဘူး။ ဒီ Application လေးကို သင့်ဖုန်းထဲ
သွင်းထားတယ်ဆိုရင်ဖြင့် အောက်ပါပုံအတိုင်းမှ

Shake the phone to take a screenshot ဆိုတာလေးကိုအမှန်ခြစ်
လေးလုပ်ထားရုံဖြင့် သင် Capture ဖမ်းချင်တဲ့ Screen နေရာကိုရောက်
တဲ့အခါမှာတော့ သင့်ဖုန်းအား တစ်ချက် လှုပ်လိုက်ရုံဖြင့် Auto Screenshot
ရိုက်သွားမှာဖြစ်ပါတယ်။သင်သိမ်းချင်တဲ့ ပုံအမျိုးအစားကိုလည်း အောက်ပါ
အတိုင်းသတ်မှတ်လို့အလွယ်တကူရရှိနိုင်ပါတယ်

ဖိုင်စိုက်ဒ်အားဖြင့်လည်း Kilobyte သာရှိသောကြေ င့် မြန်မာပြည်ရဲ့
ကော်နပ်ရှင်အရ အလွယ်တကူ ဒေါင်းလုပ်ဆွဲယူနိုင်မှာဖြစ်ပါတယ်။
Android Version အနေဖြင့် အနိမ့်ဆုံး 2.3.6 Up to ဖြစ်သော
ကြောင့်ဖုန်းအားလုံးနှင့်လည်း သဟဇာတဖြစ်မယ်လို့ယုံကြည်ပါ
တယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့....ဒီမှာဒေါင်းမယ်


Mtarot ဆိုတဲ့ တားရော့ဗေဒင် APK လေးနဲ့ မိတ်ဆက်ပေးပါရစေ

ကျွန်တော်ကိုယ်တိုင်လည်းဗေဒင်ကိုဝါသနာမပါခဲ့သလို၊
ယုံလည်းမယုံကြည်ခဲ့ပါဘူး။မှန်ပါတယ်ဆိုတဲ့ဗေဒင်ဆရာ
တွေကိုလည်းမေးခွန်းတစ်ခုအတွက်ကြောင့် စကားခဏခဏ
များခဲ့ဖူးပါတယ်။အိုခေ ထားလိုက်ပါ ကျွန်တော်တို့ Application
အကြောင်းလေးဆက်ပြောရအောင်....
တားရော့ဆိုတာကတော့လူအများစုသိကြမှာပါ။ အရင်ကတော့
Card တွေနဲ့ မေးရတဲ့အရာတစ်ခုပါ။ တားရော့မှာ ကဒ်ဆွဲမယ့်
သူ (မေးမြန်းသူ) ရဲ့ လက်တွေကလည်း သန့်စင်နေရမည်ဖြစ်
သလို ကဒ်ပေးမယ့်သူ (အဖြေထုတ်ပေးသူ) ကလည်း သန့်ရှင်း
နေရပြီး မေးမယ့်မေးခွန်းတစ်ခုကို အာရုံဏ် စူးစိုက်ပီး ယုံကြည်စွာ
နဲ့ မေးရတာပါ။ အခုကျွန်တော်ပေးမယ့် APK လေးကတော့ Android
Phone ကနေ Touch တစ်ချက်နဲ့  Card တစ်ကဒ်ဆွဲရမှာဖြစ်ပါတယ်။
အောက်ပါပုံအတိုင်းမှ



Yes or No Question ကတော့ မိမိမေးလိုတဲ့မေးခွန်းအတွက် အဖြေ
က ဖြစ်မည်၊ မဖြစ်မည် နှစ်မျိုးတည်းသာထုတ်ပေးမှာဖြစ်ပီး။ Overview
Question ကတော့ သင်မေးလိုက်တဲ့ မေးခွန်းအတွက် Detail Result
အဖြေထုတ်ပေးမှာဖြစ်ပါတယ်။သင့်မေးခွန်းအတွက် Draw a Card


လို့ နှိပ်လိုက်တဲ့အခါမှာတော့ အောက်ပါပုံအတိုင်း


ရုပ်ပုံကားချပ်ထွက်လာမှာဖြစ်ပီး၊ ၄င်း ကိုအပေါ်ဘက်သို့ Drag လုပ်
လိုက်တဲ့အခါမှာတော့ အဖြေကို အောက်ဘက်နားမှာမြင်တွေ့ရမှာ
ဖြစ်ပါတယ်။ မယုံကြည်ဘူးဆိုရင်တောင် Emotional Relax လုပ်လို့
ရပါတယ်။ ဒီ Application လေးကိုတော့ မြန်မာ Devloper တစ်ဦး
ဖြစ်တဲ့ Zaw Min Tin ကရေးသားထားတာဖြစ်ပါတယ်။ ဖိုင်စိုက်ဒ်
အားဖြင့်   12MB သာရှိသောကြောင့်ဒေါင်းလုပ်လုပ်ရာမှာလည်း အဆင်
ပြေမယ်လို့မျှော်လင့်ပါတယ်။ စိတ်ဝင်စားလို့ ဒေါင်းချင်သပဆိုရင်