Wednesday, August 7, 2013

ntldr Missing! အကြောင်းနည်းလမ်းများ

ntldr Missing! အကြောင်းနည်းလမ်းများ
========================================


ကျွန်တော်တို့ကွန်ပျူတာအသုံးပြုသူတိုင်း တွေ့ကြုံဖူးတဲ့ Error လေးတစ်ခုရှိပါတယ်။အဲဒါကတော့ ntldr missing ဆိုတဲ့ Error ပဲဖြစ်ပါတယ်။ သူက ဘယ်လို အခြေအနေတွေမှာဖြစ်တတ်သလည်းဆိုတော့ Userကမှား ယွင်းစွာဖျက်မိတဲ့အခါမျိုး၊ ဗိုင်းရပ်စ် ၀င်ရောက်နှောက်ယှက်ခံရခြင်းကြောင့် ပျက်စီးသွားခြင်း စသည့်အချက်များ ကြောင့်  ၄င်း Error မျိုးဖြစ်တတ်ပါတယ်။ ထိုntldr Missing ဆိုတဲ့ Error မျိုးပေါ်လာတဲ့အခါ ၀င်းဒိုးက ဆက် မတက်နိုင်တော့ပဲ Ctlr+Alt+Del to restart ဆိုတာပဲပေါ်နေပါလိမ့်မယ်။ ပြီးတော့ Safe Mode မှလည်း ၀င်းဒိုးကို တက်နိုင်စွမ်းမရှိတော့ပါဘူး။ ntldr ဖိုင်လေးက ၀င်းဒိုးစနစ်တစ်ခုတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖိုင်လေးဖြစ်ပါတယ်။ ဒါကြောင့် ၄င်း Error ပေါ်လာတဲ့အခါမှာ အချို့က ၀င်းဒိုးကို အသစ်ပြန်လည်တင်ပြီး အသုံး ပြုကြတာများပါတယ်။ ၀င်းဒိုးစနစ်တခုကို အသစ်ပြန်တင်တဲ့အခါ အချိန်တွေလည်းကုန်ပါတယ်။ နောက်ပြီး Driver ကိစ္စတွေနဲ့ တော်တော်လေးကို အလုပ်ရှုပ်ပါတယ်။ဒီတော့ ၀င်းဒိုးစနစ်ကို အသစ်ပြန်လည် မတင်ပဲနဲ့ အသုံးပြု လို့ရ တဲ့နည်းလမ်းလေးတွေကို ကျွန်တော်သိသလောက်ရေးပေးပါ့မယ်။

နည်းလမ်း (၁)

 => ကျွန်တော်တို့ Services သမားအများစု သုံးကြတဲ့ Hiren's Boot CD ကို အသုံးပြု၍ ၄င်းအခွေထဲမှာပါ သော Mini Windows XP ဖြင့် ၀င်းဒိုးစနစ်ကို တက်ပြီး ပျက်စီးသွားသော ntldr File ကို CD ထဲမှ ကူးယူ၍ ၀င်းဒိုးစနစ်ရဲ့ အဓိက ပင်မ Drive ဖြစ်သော System Drive (C:) ထဲသို့ ကူးယူခြင်းဖြင့် လည်း ပျက်စီးသွား သော ntldr file ကို ပြန်လည်ပြုပြင် အသုံးပြုနိုင်ပါလိမ့်မယ်။

နည်းလမ်း (၂)

 => ၀င်းဒိုးကို Repairing System ဖြင့် ပြန်လည် ပြင်ဆင်ခြင်း။ ဒီအပိုင်းထဲမှာကတော့ အနည်းငယ် ခက်ခဲပါ လိမ့်မယ်။ ဘာလို့လည်းဆိုတော့Widnows ရဲ့ Recovery Consol အောက်ကနေ Copy, Paste နည်း လမ်းဖြင့် လုပ်ဆောင်ရတာမို့လို့ပါ။ Copy , Paste ဆိုလို့ အလွယ်လို့မထင်လိုက်ပါနဲ့ဦး...ဒီ Recovery Consol အောက်မှာ လုပ်ဆောင်ရတဲ့ပုံစံက GUI (Graphical User Interface) Mode ဖြင့် လုပ်ဆောင် တာမဟုတ်ပဲ CLI (Command Line Interface)ဖြင့် ကူးယူမည့် ဖိုင် (Source) နှင့် ကူးယူထားသော ဖိုင်ကို ထားမည့် နေရာ (Destination) တို့ကို Command Line မှ Key များကို အသုံးပြု၍ ကူးယူ ထည့်သွင်းသည့် နည်းလမ်းဖြစ်ပါတယ်။ Recovery Consol အောက်ကနေ ntldr missing ကို ပြန်လည်ပြင်ဆင်တဲ့ အပိုင်းကို http://www.techspot.com/community/topics/using-xp-recovery-console-to-repair-ntldr.114329/ မှာတစ်ချက်လေ့လာပါ။

နည်းလမ်း (၃)

 =>  ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးလို့ ထင်ကြပေမယ့် တစ်ကယ်တမ်းကတော့ သိပ်ပြီးတော့ အဆင်မပြေ ပါဘူး ဘယ်လိုလည်းဆိုတော့ ကျွန်တော်တို့ ntldr missing ဖြစ်သွားတဲ့ Hard Disk ကို Secondary ချိန်ပြီး တခြားစက်မှာ တပ်၍ ပျက်သီးသွားသော ဖိုင်ကို ကူးယူထည့်သွင်းသည့်နည်းလမ်းဖြစ်ပါတယ်။ တစ်ကယ်တမ်းမှာ ကျွန်တော်တို့မြင်ရတာက ntldr missing ဆိုတာပဲ မြင်ရတာလေ။ အကယ်လို့များ ntldr file တစ်ခုတည်း မဟုတ်ပဲ တခြား System file တစ်ခုခု ပါရောပြီးပျက်စီးသွား တာဆိုရင်ရော ဘယ်လိုထပ်လုပ်မလည်း....? ကျွန်တော်တို့က ntldr missing ဆိုလေးကြောင့် ၀င်းဒိုးစနစ်တက်နေတဲ့ ကွန်ပျူတာတစ်ခုမှာ ၄င်းဖိုင်လေးကို ကူးယူထည့်သွင်းပြီး ntldr ပျက်စီးသွားတဲ့ Hard Diskကိုပြန်လည်တပ်ဆင်အသုံးပြုတဲ့ အခါ တခြား ဖိုင်ဖြစ်တဲ့ config.sys, win.ini, hal.dll စသဖြင့် အခြား system file တွေပါ Missing ဖြစ်သွားတယ်ဆိုရင် လုပ်ဆောင် ရတာ အချိန်ပိုကြာသွားပါလိမ့်မယ်။ ဒါကြောင့် Secondary အနေဖြင့် ချိတ်ဆက်ပြီး လုပ်ဆောင် တာက သိပ်တော့ အဆင်မပြေလောက် ပါဘူး။

နည်းလမ်း (၄)

 => ဒီနည်းလမ်းကတော့ NTLDR FIX ဆိုတဲ့ Boot CD ဖြင့် ၀င်းဒိုးကိုတက်ပြီး လိုအပ်တဲ့ ဖိုင်တွေကို ကူးယူ ထည့်သွင်းသည့်နည်းလမ်းဖြစ်ပါတယ်။ဒီနည်းလမ်းက Hiren's Boot CD ရဲ့ လုပ်ဆောင်ချင်နဲ့ အလားသဏ္ဌန် တူပေမယ့် လုပ်ဆောင်ရတာ ပိုမိုလွယ်ကူပါတယ်။ ၄င်းBootCD လေးထဲမှ NTLDR.COM ဆိုတဲ့ဖိုင်လေးကို Windows ရဲ့ System Partation ထဲကို ထည့်လိုက်ခြင်းဖြင့် လိုအပ်တဲ့ ဖိုင်တွေကို သူ့ဘာသူ လုပ်ဆောင် သွားပါလိမ့်မယ်။ ၄င်း NTLDR FIX ဆိုတဲ့ Software လေးကို ကျွန်တော့ စိုက်ထဲမှာLink မလုပ်ပေးထား တော့ ပါ ဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော်က Link လေးတွေလုပ်ထားပေမယ့်အခုနောက်ပိုင်း တော်တော် များများ မှာ Link တွေက သေ သွားပြီးဒေါင်းလုပ်ဆွဲတဲ့အခါ အဆင်မပြေဖြစ်သွားတာများလို့ပါ။ ဒါကြောင့် ကျွန်တော့ရဲ့  E-mail လိပ်စာကို မေးလ်ပို့၍ တောင်ယူပါလို့ပဲ ပြောချင်ပါတယ်။

http://tinyempire.com/notes/files/fixntldriso.zip (ISO File for CD)
http://tinyempire.com/notes/files/ntldrusb.zip (ZIP FIle For USB)
http://tinyempire.com/notes/ntldrmoreinfo/usbscreenshots.htm (USB အတွင်းထည့်သွင်းအသုံးပြုနည်းလမ်းညွှန်)
မှတ်ချက် ယခုဖော်ပြပါအကြောင်းအရာများသည် Window XP အတွက်
သာဖြစ်သည်။ Window 7 တွင်လည်း ၄င်းဖော်ပြပါနည်းတူ Recovery
Consol အောက်မှလည်းလုပ်ဆောင်နိုင်ပါသည်။

အာရှသား
Cristiano Zarni@ ဦးဇာနည်

1 comment:

  1. အကို ကျွန်တော်စက်မှာ runtime error ဆိုပြီ တတ်နေတယ်...အဲဒါက ဂိမ်းဖိုင်ကိုဖွင့်ရင်ဖြစ်တာပါ...ဘယ်လိုလုပ်ရမလဲ ဆိုတာ ပြောပြပေးပါ

    ReplyDelete