Saturday, January 25, 2014

Phone တစ်လုံးမှာ Pattern Lock နဲ့ PIN Lock ဘယ်ဟာထားသင့်သလည်း




ဦးစွာပထမ ကျွန်တော်သည် ဖုန်းလောကထဲသို့မနေ့တစ်နေ့ကမှ စ၀င်
လာသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အကျင့်အတိုင်းပဲ
သူများထက်သာလွန်အောင်ကြိုးစားချင်စိတ်အားကြီးသောကြောင့် အချိန်
တိုင်းလေ့လာပါသည်။အမြဲတမ်းလည်း စမ်းသပ်နေပါတယ်။ ကျွန်တော်
တင်မယ့် Post တိုင်းအတွက်ပေါ့.. အခုဒီ Post လေးအတွက်လည်း
ကျွန်တော့်ဖုန်းအတွင်းမှာ သေချာအောင်စမ်းသပ်ထားပီးမှ ကျွန်တော့်
အမြင်လေးကိုရေးချပြသခြင်းဖြစ်ပါတယ်။ကဲ စလိုက်ရအောင်လားဗျာ
ကျွန်တော့်အဖြစ်အပျက် အစ…
ကျွန်တော် မြန်မာပြည်ကိုပြန်ရောက်မှ ဖုန်းကို တအားကလိပါတယ်။
ပြည်ပမှာနေတုန်းကတော့ ဖုန်းကိုမကလိရဲဘူး ဘာလို့လည်းဆိုတော့
တစ်ခုခုဖြစ်သွားရင်  လစာထဲကနေ ပါသွားမှာစိုးလို့ ဒါပေမယ့် ကျွန်တော့်
အစမ်းသပ်ခံ HCL ME1 4.0 Tablet (India Made) လေးကတော့ဖွတ်
ဖွတ်ညက်ညက်ကိုကျေအောင်စမ်းပါတယ်။ကျွန်တော် ရန်ကုန်ပြန်ရောက်
တော့ ကျွန်တော့်ဖုန်းကိုလည်း Security အရ သူများတွေဖွင့်လို့မရအောင်
Pattern Lock နဲ့ ထားတာပေါ့.. တစ်ရက် ကျွန်တော့ ဆရာကောင် (ကျွန်တော့
ရဲ့ Second Generation Zarni) က Pattern Lock ကို အဖြုတ်လွန်ပီးနောက်
ဆုံး Lock ကျသွားပါတယ်။ E-mail Account ဖြင့် Sign In လုပ်ပီး ၀င်ရမယ်
လို့ ဆိုပီး ဖုန်းထဲကို ဘယ်လိုမှ ၀င်လို့မရတော့ဘူးဖြစ်သွားတယ်…..
ဒါနဲ့ ကျွန်တော်လည်း မြန်မာပြည်က ဖုန်း Serices လုပ်တဲ့ ဆိုင်တစ်ဆိုင်
မှာ သွားပီး Pattern Lock ကိုဖြုတ်တာပေါ့….နောက်ဆုံး အထဲက ဒေတာ
တွေ Contact List တွေအပြင် ကျွန်တော် အရေးကြီးဆုံးမှတ်ထားတဲ့
အလုပ်ကိစ္စ Memo တွေပါ ပျောက်သွားတဲ့အထိဖြစ်သွားပါတယ်။ဒါနဲ့
ကျွန်တော်လည်း အဲဒီမှာစပီးစမ်းတော့တာပါပဲဗျို့…. နောက်ဆုံး ဖုန်း
တစ်လုံးရဲ့ Security အတွက် ဘာကိုထားရမလည်းဆိုတာကို ကောင်း
ကောင်းနားလည်သွားတယ်။ Pattern Lock က ကောင်းတယ်ဆိုပေမယ့်
သူက အမှားယွင်းမခံဘူးဗျ လုံးဝအမှားကြီးမှားသွားပီဆိုရင် ဖုန်းထဲက
ဒေတာတွေကိုပါ ပျက်စီးပျောက်ပျက်သွားတဲ့ အထိ ဖြစ်သွားတာပေါ့
ဗျာ (ဒါဟာလည်း ပိုင်ရှင်လက်ထဲမှာဆိုရင်တော့ Shock မရှိဘူးပေါ့)
PIN Lock မှာကတော့ အဲဒီလိုမဟုတ်ဘူးဗျ Pattern Lock လိုပဲ
Security ပိုင်းအရ လုပ်ဆောင်နိုင်ပေမယ့် Pattern Lock လိုအမှား
အကြိမ်အရေအတွက်များလာတဲ့ အခါ ခေါင်းစားမှုကိုမဖြစ်စေပဲ
နောက်ထပ် စက္ကန့် ၃၀ ကိုပဲ ထပ်မံစောင့်ခိုင်းမှာပါ…….
ကျွန်တော်စမ်းသပ်မိခဲ့သလောက်ကတော့ ပထမ ၁၀ ကြိမ်မှားတဲ့
အချိန်မှာ စက္ကန့် ၃၀ ပြန်စောင့်ရတယ်။ နောက်ထပ် ငါးကြိမ် ဆက်တိုက်
ထပ်ပီးမှားတယ် အဲဒီအတိုင်းပဲစောင့်ရတယ်။ နောက်ဆုံးကျွန်တော်
အကြိမ် ၁၀၀ ထက်မနည်း အမှားတွေချည်းပဲ သက်သက်မဲ့ လုပ်တယ်…
မည်သို့သော Lock မျိုးမှ မကျတာကိုတွေ့ရပါတယ်။ ဒီတော့ ကျွန်တော်
ဆိုလိုချင်တာက အိမ်သားအချင်းချင်းမှာ ကို့ဖုန်းကိုယူကိုင်လို့ Pattern
Lock ချထားတာနဲ့ PIN Lock ချထားတာ ဘယ်ဟာပိုကောင်းမလည်း
ဆိုတာ စာဖတ်သူပဲ သေချာစဉ်းစားကြည့်ပါတော့ဗျာ…..ယခု Post အတွက်
လည်း Suggestion များကို နွေးထွေးကြိုဆိုစွာလက်ခံပါရစေ… ၀င်ရောက်
ဆွေးနွေးကြဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ ဦးဇာနည်

1 comment: