Friday, January 24, 2014

Samsung Galaxy Ace Duos GT-6802 အား Firmware ပြန်တင်ခြင်း




ဒီတစ်ခါ Post လေးကတော့ ကျွန်တော့် လက်ဆွဲတော်လေးနဲ့ ယှဉ်ပီး
ပြသပေးမှာဖြစ်ပါတယ်။ ကျွန်တော့်ဖုန်းမှာဖြစ်ပုံက Root ဖောက်ထားပီး
တော့ Mobile Go ထဲမှတဆင့် Galary ကို မှားဖျက်မိသွားတာပါ။ ဆိုလို
တာက Super User Permission ဖြင့် ဖျက်လိုက်သလိုဖြစ်သွားပီး Galary
ကို ဘယ်လိုမှ ပြန်သွင်းလို့မရလို့ သူနဲ့ အလားသဏ္ဍန်တူတဲ့ ES Explorer
နဲ့ တွဲပီးသုံးနေရပါတယ်။ သူများဖုန်းတွေကိုပဲ Firmware တွေတင်ပေး
ရတော့ (ကျွန်တော့်ဆရာရဲကြီးအားကိုးဖြင့်) ကျွန်တော်လည်း ကျွန်တော့
ဖုန်းလေးကို Firmware တင်မယ်ဆိုပီးလုပ်လိုက်ပါတယ်။ အခုကျွန်တော်
တင်မယ့်နည်းမှာ အသုံးပြုမယ့် ဖိုင်ကတော့ ODIN Version 3.0.7 ကို အသုံး
ပြုမှာပါ ။ တစ်ခြားလိုအပ်တာတွေကတော့ သင့်ကွန်ပျူတာထဲမှာ Samsung
နဲ့ ပတ်သက်ပီး Phone Driver ကိုတော့ သိထားရပါမယ်။ နောက်တစ်ချက်
ကတော့ ကျွန်တော့်ရဲ့ Firmware File ဖြစ်သော S6802_DDLF1……ဖြစ်ပါ
တယ်။အရင်ဆုံး ကျွန်တော်က ODIN 3.07 ကို ကွန်ပျူတာမှာ Run ထား
လိုက်ပါတယ်။



ဒီနောက်တော့ ဖုန်းမှတဆင့် Power +Home+Volume Down ကို တွဲပီး
နှိပ်လိုက်တဲ့အခါမှာတော့ Downloading Mode ကို ဖုန်းမှာ ၀င်နေပါပီ



ဒီနောက်တော့ ကွန်ပျူတာနှင့်ဖုန်းကို USB Cable ဖြင့် သွယ်တန်းပီး
Volume Up ကို နှိပ်လိုက်တဲ့အခါမှာတော့ ဖုန်းအတွင်းမှာတော့အောက်
ပါပုံအတိုင်း



ပေါ်လာပီး ကွန်ပျူတာမှာတော့



အထက်ပါပုံအတိုင်း 0:[COM3] ဆိုပီး ပေါ်လာပါလိမ့်မယ်။ဒီနောက်တော့
ကျွန်တော်တို့က လိုအပ်တဲ့ ဖိုင်တွေကို Odin မှာထည့်သွင်ဖို့အတွက်
ZIP ဖိုင်ကို ဖြည်လိုက်ပါတယ်။ထိုအခါမှာ အောက်ပါပုံအတိုင်း



CSC, MODEM, PDA ဆိုပီး အဓိက ဖိုင်း သုံးခုပေါ်လာပါတယ်။ ၄င်းဖိုင်များကို
Odin အတွင်းသွင်းဖို့ကတော့



အထက်ပါပုံအတိုင်းမှ PDA ဆိုတဲ့နေရာမှာ ညာဘက်ခြမ်းမှာပြထားသော
PDA_S6802_DDLF1.tar.md5 ဖိုင်ကိုရွေးချယ်ပီးတော့ Open ဆိုတာလေး
ကိုနှိပ်ပေးရပါမယ်။နောက်တစ်ခုကတော့ PHONE ဆိုတဲ့ Tab နေရာမှာကတော့



MODEM_S6802_DDLF1.tar.md5 ဖိုင်ကိုရွေးချယ်ပေးပီး CSC
ဆိုတဲ့နေရာမှာကတော့



CSC_S6802_ODDLG1.tar.md5 ဖိုင်ကိုရွေးချယ်ပေးရပါမယ်။ ဒီနောက်
မှာတော့ ကျွန်တော်တို့ကလိုအပ်တဲ့ ဖိုင်တွေကို ရွေးချယ်သတ်မှတ်ပေးပီ
ပီဖြစ်သောကြောင့်အောက်ပါပုံအတိုင်း



Start ကို နှိပ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့



ဖုန်းအတွက် လိုအပ်တဲ့ Kernal, System, BcmCP.img, CSC စသဖြင့်
Firmware အတွက် လိုအပ်သော ဖိုင်များကို Updating လုပ်နေပါလိမ့်မယ်
အားလုံးပီးသွားပီဆိုရင်တော့အောက်ပါပုံအတိုင်း



အစိမ်းရောင် သင်္ကေတလေးဖြင့် PASS! ဆိုပီး ဖော်ပြပေးပါမယ်။
ဒီအချိန်မှာ တစ်ပြိုင်နက်တည်းသင့်ဖုန်းက System Reboot လုပ်
သွားပါလိမ့်မယ်။ဒီအချိန်မှာ USB Cable ကြိုးကိုဖြုတ်ထားလိုက်လို့
ရပါပီ System Reboot ပီးသွားတဲ့အခါမှာတော့သင့်ဖုန်းအား အောင်
မြင်စွာဖြင့် Firmware ပြန်တင်ပီးသွားဖြစ်သွားပါလိမ့်မယ်။



 ဒီနေရာမှာ
တစ်ခုပြောချင်တာက Auto Reboot လုပ်ပီးသွားလို့ Home Screen
ကို မမြင်ရသေးဘူးဆိုရင် ဘက်ထရီကိုဖြုတ်ပီး ပြန်တပ် ထို့နောက်
ပါဝါပြန်ဖွင့်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ အဆင်မပြေမှု
များရှိပါကလည်း ကျွန်တော် Cristiano Zarni@ဦးဇာနည် သို့မဟုတ်
အာရှသားအား အချိန်မရွေးမေးမြန်းနိုင်ပါတယ်။ အားလုံးပဲ အဆင်
ပြေပျော်ရွှင်ကြပါစေ.
လိုအပ်သော ဖိုင်များကိုတော့အောက်ဖော်ပြပါလင့်ခ်များတွင်
ဒေါင်းလုပ်ဆွဲယူနိုင်သလို ကျွန်တော့ထံတွင်လည်း လာရောက်
အခမဲ့ ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါ
တယ်။
GT-6802 အတွက် Firmware (http://www.samsungis.com/Firmwares/GT-S6802.html)
Odin 3.07 အတွက် (https://www.copy.com/s/wSEoPPbzYXmF)

လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment