Thursday, April 3, 2014

Data Sharing လုပ်တဲ့အချိန်မှာ User Name နဲ့ Password တောင်းနေသလား



Data Sharing လုပ်တဲ့အချိန်မှာ User Name နဲ့ Password  တောင်းနေသလား


ကျွန်တော်တို့ Network ချိတ်ဆက်မှုပြုလုပ်တဲ့အခါမှာ Window XP မှာကတော့ ဘာမှ ခေါင်းမစားရပါဘူး။ Home Group တူမယ်၊ IP Address Class တူမယ်၊ Data Share ထားတယ်ဆိုရင် မိမိဝင်ချင်တဲ့ ကွန်ပျူတာကို Run Box ထဲက နေ //IP ရိုက်လိုက်ရင် တန်းဝင်သွားပါတယ်။ သို့ပေ သိ Window 7 မှာကတော့ Security ပိုင်းအရ XP ထက် အလေးပေးထားတဲ့အတွက်ကြောင့် ဘယ်လိုပဲ Network Group တွေ IP Class တွေ တူနေဦးတော့ မိမိဝင်ချင်တဲ့ Computer ထဲကိုဝင်လိုက်တဲ့အခါမှာ User Name နဲ့ Password ကိုတောင်းတာတွေ့ရမှာပါ။ တစ်ကယ်တမ်းက လည်း အဲဒီ Share ထားတဲ့ Computer မှာ ဘာ User Name ဘာ Password မှ မပေးထားပါဘူး။ ကဲ ဒီပြဿနာ ကိုရှင်းဖို့က အခက်ကြီးတော့မဟုတ်ပါဘူး Radious Check box လေးကို ပြောင်းပေးလိုက်ရုံပါပဲ။ ဘယ်လိုလုပ်ရမလည်း ဆိုတော့ အရင်ဆုံး ကျွန်တော်တို့ Task Bar က Network Notification Bar မှာတစ်ချက်ဝင်ပီး 


Open Network and Sharing Center ဆိုတာကို ၀င် လိုက်ပါမယ်။ဒါဆိုရင်တော့


Control Panel ရဲ့ Network and Sharing Center ထဲကို ရောက်သွားပါပီ။ ဒီအခါမှာမှင်အနီရောင်လေးထောင့်ကွက် ထဲက Change advanced sharing settings ဆိုတာ ကို နှိပ်လိုက်ပါမယ်။


အထက်ပါပုံအတိုင်းမှာ Password protected sharing ဆိုတဲ့ နေရာမှာ လက်ရှိ Default အတိုင်းဆိုရင် အနီရောင် မျှားလေးဖြစ်နေပီးတော့ ကျွန်တော်တို့က အစိမ်းရောင် မျှား နေရာလေးဖြစ်တဲ့ Turn off password protected sharing ဆိုတာကိုရွေးချယ်ပေးပီး Save Changes ဆိုတာကိုရွေး ချယ် ပေးလိုက်ရုံပါပဲ။ ဒါဆိုရင် Network ထဲက စက်တွေကို ၀င်တဲ့အခါမှာ ဘာ User Name ဘာ Password မှ တောင်းမှာမဟုတ်ပါဘူး။ ဒါကမိမိ Shared မယ့် Computer မှာ လုပ်ရမှာဖြစ်ပါတယ်။အထူးသဖြင့် Internet ဆိုတွေ အတွက်ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ စက်တွေကို Clone မရိုက်ခင်ကတည်းက ဒီ Function လေးကို လုပ်ပေး ထားရုံဖြင့် ဒေတာတွေကိုအလွယ်တကူ Share လုပ်နိုင်မှာ ဖြစ်ပါတယ်။
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment