Thursday, April 3, 2014

Window XP-SP2 ကို Registry ကနေ SP-3 သို့ပြောင်းနည်း



Window XP-SP2 ကို Registry ကနေ SP-3 သို့ပြောင်းနည်း


ကျွန်တော်တို့ ၀င်းဒိုးဘားရှင်းတွေဘယ်လောက်ပဲမြင့်လာမြင့်လာ
တစ်ချို့ကတော့ Windwo XP ကို လက်မလွှတ်နိုင်ကြသေးပါဘူး။
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ စိတ်ကြိုက်အရကတော့
Window XP ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ Registry
ပိုင်းကို မိမိစိတ်ကြိုက် ပြင်ဆင်ရတာလွယ်လို့ပဲဖြစ်ပါတယ်။ ကဲ
ဆက်လိုက်ရအောင်လားဗျာ.. ဘာကြောင့် Window XP-SP2
ကနေ SP3 ကိုပြောင်းရသလည်းဆိုတော့ အချို့သော Program
တွေနဲ့ Game အမျိုးအစားတွေက Window XP SP3 မှာပဲ
Support လုပ်သောကြောင့်ဖြစ်ပါတယ်။ ဥပမာတစ်ခုအနေဖြင့်
ဖော်ပြရသော... Connectify လို Software လိုမျိုးပေါ့... သူ့ကို
သုံးမယ်ဆိုရင် Window7 မှာတော့ ဘာမှ မဖြစ်ဘူးဆိုပေမယ့်
Window XP မှာမှ SP2 ဖြစ်ပါတယ်။ သူ့ကိုသွင်းလို့မယ်ဆိုရင်
Only support in Window XP SP3 ဆိုပီး Error Message ပြ
ပီး ဘယ်လိုမှ သွင်းလို့မရနိုင်ပါဘူး။ ဒီအချိန်မှာ ကျွန်တော်တို့က
လက်ရှိ Window Version Services Part 2 ကို 3 အဖြစ်သို့
ပြောင်းမယ်ဆိုရင်လည်း အစအဆုံး ၀င်းဒိုးပြန်တင်ရတဲ့အခါ
အရမ်းပဲအလုပ်ရှုပ်ပါလိမ့်မယ်။ အဲဒီလို ရှုပ်တာတွေကို အလွယ်
တကူ Registry Value လေးတစ်ခု ပြင်ပေးလိုက်ရုံနဲ့တင်
Window XP SP3 အဖြစ်သို့ ပြောင်းလည်းအသုံးပြုနိုင်မှာဖြစ်
ပါတယ်။ အရင်ဆုံး RUN Box ထဲမှာ “regedit” လို့ရိုက်လိုက်
ပါမယ်။ ပီးသွားရင်တော့ သွားရမယ့် လိပ်စာက
HKLM/CurrentControlSet/Control/Window ထဲမှ
ညာဘက်ခြမ်းတွင် CSDVersion တွင် အောက်ဖော်ပြ
ပါပုံအတိုင်းမှ 


လက်ရှိတန်ဖိုး 200 ကို 300 အဖြစ်သို့ပြောင်း
လည်းသတ်မှတ်ပေးပီ ကွန်ပျူတာကို Restart ချပေးလိုက်
လျှင် 


အထက်ပါပုံအတိုင်း Services Pack 2 မှ Pack 3 အဖြစ်သို့
ပြောင်းလည်းသွားပီး ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်မျှော်လင်ပါတယ်။
ဒီ Post လေးဖြစ်မြောက်ဖို့အတွက် အကြံဥာဏ်ပေးသော
အား ဂုဏ်ပြုလျှက်
Cristiano Zarni@ ဦးဇာနည် 

No comments:

Post a Comment