Monday, August 25, 2014

Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?



Firefox ရဲ့ Browsing Speed ကို ဘယ်လိုတိုးမလည်း ?

ကျွန်တော်တို့ Facebook သုံးစွဲသူတိုင်း၊ အင်တာနက်သုံးစွဲသူ
တိုင်းထိတွေ့နေကျဖြစ်တဲ့ User Choice တစ်ခုဖြစ်တဲ့ Browser
ကတော့ Mozila Firefox ပဲဖြစ်ပါတယ်။ ဘယ်လိုပဲ အားနည်းချက်
တွေရှိတယ်ပြောပြော ကျွန်တော်တို့ကိုယ်တိုင်လည်း သုံးနေကြ
ရတာပါပဲ။ ဒီလိုသုံးနေကြရတာနှင့်အမျှလူတိုင်းကတော့ မြန်ဆန်
မှုကိုလိုချင်ကြတာပဲဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်
တော်ကိုယ်တွေ့လေးတစ်ခုနဲ့ နှိုင်းယှဉ်ပြီးပြောပါ့မယ်။ တစ်ခါတစ်
လေ ကျွန်တော်တို့  အင်တာနက်ဆိုင်တွေမှာသုံးစွဲကြဖူးကြမှာပါ။
Connection ကလည်း နှေး၊ စက်တွေကလည်းနှေး၊ Browser
တွေကလည်းနှေးနဲ့ ဆိုတဲ့အခါကျရင် တအားကိုပဲစိတ်ပျက်မိပါ
တယ်။ ကော်နပ်ရှင်ကျနေတာကိုတော့လက်ခံနိုင်ပေမယ့်။ Browsing
လုပ်တာ နှေးတာကိုတော့ စိတ်ထဲခိုးလိုးခုလုပဲဗျ။ဒီတော့ ထုံးစံအတိုင်း
သင့် Browser ထဲက Cache တွေ Cookies တွေစားရပါမယ်။ အဲလေ
ရှင်းရပါမယ်။ အရင်ဆုံး ကျွန်တော်တို့က အောက်ပါပုံအတိုင်း


Firefox ရဲ့ ညာဘက်ခြမ်းမှာရှိသော အမျှောင်းလေးသုံးမျှောင်းကိုနှိပ်လိုက်
ပြီး Options ကိုဝင်လိုက်ပါမယ်။ပြီးသွားရင်တော့အောက်ပါပုံအတိုင်းမှ


Clear your recent history ဆိုတာလေးကိုနှိပ်ပေးလိုက်တဲ့အခါမှာတော့


အထက်ပါပုံအတိုင်းကျလာတဲ့အခါမှာ Time range to clear: ဆိုတဲ့နေရာမှာ
Everything ဆိုတာကိုရွေးပေးလိုက်ပါမယ်။ ဒါဆိုရင်တော့အောက်ပါပုံအတိုင်း


ကျလာတဲ့အခါမှာ အကုန်လုံးကိုအမှန်ခြစ်လေးရွေးပေးပြီးတော့ Clear Now
ဆိုတာကိုနှိပ်ပေးလိုက်ပါမယ်ဒါဆိုရင်တော့သင့် Browser ထဲမှာရှိသမျှ
Browsing History, Cookies , Cache စသဖြင့် Password Remember
လုပ်ထားတာတွေပါအကုန်လုံးပျက်သွားပါလိမ့်မယ်။ ဒါကိုမစိုးရိမ်ပါနဲ့
သင်လျှင်လျှင်မြန်မြန်သုံးရဖို့သာအဓိကမဟုတ်ပါသလား... ကဲ ဒီထက်
မြန်အောင်ထပ်လုပ်ပါမယ်။ Browser ရဲ့ Address Bar မှာ ရိုက်ရမှာက
“about:config” ဆိုပြီးတော့ဖြစ်ပါတယ်။


ပြီးရင် Search ဆိုတဲ့နေရာမှာ “network.http.pipeling” ဆိုပြီး
ရိုက်လိုက်ပါမယ်။ ဒါဆိုရင် အောက်မှာ network.http.pipeining
ဆိုတာပေါ်လာရင် သူ့ကို Double Click နှိပ်လိုက်ပါမယ်။ဒါဆိုရင်
လက်ရှိ False ဖြစ်နေရာကနေပြီးတော့ True ဖြစ်သွားပါမယ်။ ပြီး
သွားရင်နောက်တစ်ခုက


အထက်ပါပုံအတိုင်း “network.http.proxy.pipelining” ဆိုပြီး
ရိုက်ရှာလိုက်ပါမယ်။ တွေ့ပြီဆိုရင် သူ့ကိုလည်း Double Click
နှိပ်ပြီး True သို့ပြောင်းပါမယ်။ပြီးသွားပြီဆိုရင် အလွတ်တစ်နေ
ရာမှာ


အထက်ပါပုံအတိုင်း Right Click ထောက်လိုက်ပြီး New ထဲကနေ
Interger ကိုဝင်လိုက်ပါ ဒါဆိုရင်တော့



အထက်ပါပုံအတိုင်း New Integer Value ပေါ်လာတဲ့အခါမှာ
ဘောက်ထဲကစာသားများကိုရိုက်ထည့်လိုက်ပြီး OK နှိပ်လိုက်ပါမယ်။


ထို့နောက် မိမိသတ်မှတ်လိုက်တဲ့ “nglayout.initialpaint.delay”
ဆိုတာရဲ့ တန်ဖိုးကို “ 0 “ အဖြစ်သတ်မှတ်ပေးပြီး OK နှိပ်လိုက်ပါမယ်။
ထို့နောက်မိမိသတ်မှတ်ထားတာကို


Search လုပ်ပြီးပြန်ရှာကြည့်ပါ အထက်ပါပုံအတိုင်းဖြစ်နေရပါမယ်။
ဒါဆိုရင်သင့်ဘရောက်ဇာကို Restart ချပြီးပြန်ဖွင့်ကြည့်လိုက်ပါ။
သြအံ့ဖွယ်...အဲလေ အံသြဖွယ်ကောင်းအောင်မြန်နေတာကိုတွေ့
ရပါလိမ့်မယ်။ မှတ်ချက် MPT ရဲ့နှေးကွေးမှုကိုတော့အန်တုနိုင်မယ်
မထင်ပါ။ အခုလည်း Channel 7 မှာ ငါးတန်းနှင့်ပြိုင်ဘယ်သူနိုင်
အစီအစဉ်လိုပဲ MPT နှင့်ပြိုင် ဘယ် Operator နိုင်အစီအစဉ်လာ
တော့မယ်ဟု အတွင်းပိုင်းမှကြားသိရပါတယ်။ ခိခိ
လေးစားစွာဖြင့်
CristianoZarni@ ဦးဇာနည်

No comments:

Post a Comment