Monday, August 25, 2014

Notepad ထဲက Header/Footer တွေကိုစိတ်ကြိုက်ပြောင်းမယ်



Notepad ထဲက Header/Footer တွေကိုစိတ်ကြိုက်ပြောင်းမယ်

ဒီနည်းလမ်းကတော့ တော်တော်များများသိပ်မသုံးဖြစ်ပါဘူး။ဘာ
လို့လည်းဆိုတော့ အများစုက Text တွေထုတ်ရင် Microsoft
Word ဖိုင်တွေကိုပဲ အသုံးပြုကြတာများပါတယ်။ ဒါပေမယ့် အချို့
Printer Services သမားတွေ၊ အချို့ ကွန်ပျူတာအကြောင်းကို
လေ့လာနေတဲ့သူတွေအများစုကတော့ တော်ရုံတန်ရုံ အကြောင်း
အရာလေးတွေဆိုရင် Notepad ထဲမှာမှတ်ထားတတ်ပါတယ်။
ကျွန်တော်တို့ဆိုရင်လည်းအလားတူပါပဲ။ Print Test လုပ်တာပဲ
ဖြစ်ဖြစ် Note မှတ်ထားတာပဲဖြစ်ဖြစ်ဆိုရင် Notepad ကိုအဓိက
ထားပြီးသုံးပါတယ်။ တစ်ခါတစ်လေ ဒီလို Notepad နဲ့သိမ်းထား
တာလေးတွေကို Print ထုတ်ပြီး စာဖတ်ရတာလေးတွေလည်း
ရှိတယ်။ဒီလိုအခါမှာတော့ Print ထုတ်လိုက်အချိန်မှာ သင်တို့
သတိမထားမိတဲ့အချက်လေးကတော့ ထုတ်လိုက်တဲ့စာရွက်
ထိပ်ဆုံးနဲ့အောက်ဆုံးမှာ Code လေးတွေနဲ့တွဲပြီး မိမိစိတ်ကြိုက်
နာမည်လေးတွေထည့်သွင်းရအောင်ပါ ကဲစလိုက်ရအောင်
အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ၊ ပြီးသွား၇င်တော့Page Setup
ထဲကို


အထက်ပါပုံအတိုင်း နှိပ်လိုက်ပါမယ်။ ထို့နောက်တော့အောက်
မှာပုံလာတဲ့ပုံအတိုင်းမှ


Header နဲ့ Footer မှာ ပါဝင်တဲ့ Code တွေနဲ့အတူ မိမိနှစ်
သက်ရာ စာသားလေးတွေထည့်ပြီးရေးပြင်နိုင်ပါတယ်။ Code
တွေကတော့.....
&l = Left-align the characters that follow
&c = Center the characters that follow
&r = Rght-align the characters that follow
&d = Print thee current date
&t = Print the current time
&f =Print the name of the document
&p = Print the page number
တို့ပဲဖြစ်ပါတယ်။ အားလုံးပဲ အဆင်ပြေစွာစမ်းသပ်နိုင်မယ်လို့
ယုံကြည်မျှော်လင့်ပါတယ်။
လေးစားစွာဖြင့်
CristianoZarni@ဦးဇာနည်

No comments:

Post a Comment