Wednesday, December 17, 2014

DriverPack Solution အကြောင်း တစ်စေ့တစောင့်း….

DriverPack Solution အကြောင်း တစ်စေ့တစောင့်း….



Computer ကို ၀င်းဒိုးတင်ဖူးသူတိုင်း အများဆုံးသိကြမှာပါ
Deriver Pack Solution ဆိုတာကိုပေါ့… အရင်ဆုံး XP က
နေခရီးဆက်ရပါလိမ့်မယ်၊ ယခင် ကျွန်တော်တို့ Window XP
SP-1 မှာစသုံးတုန်းကတော့ MB (Mother Board) က 478
Board အမျိုးအစားတွေအများစုပါ။ အဲ့ဒီမှာ အဓိကကွဲပြားခြား
နားတာက Chip Set တွေပဲဖြစ်ပါတယ်။ ဆိုလိုတာက AMD
Chip Set, Intel Chip Set စသဖြင့် အခြားသော Chip Set
တွေလည်းရှိပါတယ်။ပြည်တွင်းမှာဝယ်ယူတဲ့ Computer တွေ
အတွက်ကတော့ Driver ကိစ္စ စိတ်မပူရပါဘူး ဘာလို့လည်း
ဆိုတော့ ကွန်ပျူတာ ၀ယ်လိုက်တဲ့ဆိုင်ကနေ Laptop ပဲဝယ်
ဝယ်၊ Desktop ပဲဝယ်ဝယ် ထို စက်နှင့် ပက်သက်တဲ့ Driver
CD ကိုတပါတည်းထည့်ပေးလိုက်ပါတယ်။အကယ်လို့များ
ပြည်ပမှာဝယ်မယ်ဆိုရင် သူတို့က မိမိကွန်ပျူတာရဲ့ Window
စနစ်ကို Recovery Partition တစ်ခုလုပ်ပေးပီး ဘာအခွေမှ
ပေးလိုက်မှာမဟုတ်ပါဘူး။ ဒီတော့ မိမိက မိမိစက်ကို ၀င်းဒိုး
ပြန်တင်တဲ့အခါမှာ တိုင်စပတ်တာက Driver ပြဿပါပဲ…
စကားတွေများသွားပီ လိုရင်းပဲပြောတော့မယ်ဗျာ…
အထူးသဖြင့် ယခင်တုန်းက ကွန်ပျူတာ Services လုပ်တဲ့
Services သမားတွေအများစုကြုံတွေ့ရတာ Customer Site
ထဲမှာ ၀င်းဒိုးမဖြစ်မနေပြန်တင်ရတဲ့အခါမျိုး၊ Customer က
ဝင်းဒိုးပဲ ပြန်တင်ချင်တဲ့အခါမျိုးမှာ ကြုံတွေ့ရတဲ့ အခက်အခဲ
တစ်ခုက Driver ပြန်သွင်းရတာပါပဲ။ ဒီတော့ ဘယ်လိုနည်းနဲ့
လုပ်ကြသလည်းဆိုတော့ Driver Genius လိုမျိုး Driver Backup
& Restore လုပ်လို့ရတဲ့ Software နဲ့ ကွန်ပျူတာရဲ့ Driver တွေကို
Backup & Restore လုပ်ရပါတယ်။ အကယ်လို့များ backup မလုပ်
ပဲ ၀င်းဒိုးကို တင်လိုက်မယ်ဆိုရင်တော့ အချို့ Driver တွေက မသိပဲ
(အထူးသဖြင့် BUS Driver, VGA Chip Driver, Sound Driver) စက်
ရဲ့ လုပ်ဆောင်မှုတွေ နှောင့်နှေးစေတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်
တို့က Cobra , Driver 150000 လိုမျိုး Driver ခွေတွေကိုစုစည်းပြီး
ရှာရတာမျိုးတွေ။ ဒါပေမယ့်လည်း တစ်ခါတစ်လေ 478 ကနေ 775
ထိဖြစ်လာတဲ့ ဘုတ်မျိုးတွေမှာဆို တစ်ချို့ Driver တွေကို လုံးဝရှာလို့
မရတော့တာမျိုးတွေတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယခုဆိုရင်
အဲ့ဒီ Driver အတွက် အများစုက စိတ်မပူရတော့ပါဘူးဘာကြောင့်လည်း
ဆိုတော့ Driver Pack Solution ဆိုတဲ့ အခွေပေါ်လာကတည်းက
Driver တော်တော်များများကို တစ်ခါတည်းသွင်းလို့ရလာပါတယ်။
Ati (Radeon), Nvidia (GeForce), Realtek, Intel, Amd, Atheros,
တိုကလိုမျိုးပေါ့…၄င်းမှာ Version အလိုက် ကျွန်တော်စသုံးဖူးခဲ့တာကတော့
Version 11, 12, 12.3, 13, 14, 14.9 တို့ပဲဖြစ်ပါတယ်။ သူနဲ့ Driver
မိတဲ့ Brand တွေကတော့ Asus, Acer, Sony, Samsung, HP, Lenovo, 
Toshiba, Fujitsu-Siemens, DELL, eMachines,MSI... စသဖြင့် တခြား
သော Brand တော်တော်များများကို လည်း မိနိုင်ါပတယ်။ဘယ်လို
Devices အမျိုးအစားတွေကို အဓိကထားပြီး Driver ရနိုင်သလည်းဆို
USB, နဲ့ အခြားသော Devices တော်တော်များများကို ဖမ်းမိနိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် Driver Pack ရဲ့ အားသာချက်တွေကို သိလောက်
ပြီလို့ ထင်ပါတယ်။ ဒါဆိုရင် ကျွန်တော် အားနည်းချက်ကို ဆက်ပြော
ပေးပါ့မယ်။

အဓိက အားနည်းချက်ကတော့ Version 12 နောက်ပိုင်းကနေစပြီး
အထူးသဖြင့် Version 13 မှာစတွေ့တာပါပဲ။ ကျွန်တော်တို့က
Driver တွေတော်တော်များများသိတယ်ဆိုပြီး ပီတိတွေဝေဆာနေတဲ့
အချိန် Version 13 မှာ Malware ကပ်ပါလာပါတယ်။ အဲ့ဒီ နှစ်ကောင်
က Runouce.exe နဲ့ Reservx.exe ဆိုတဲ့ နှစ်ကောင်ဖြစ်ပါတယ်။
သူက Window ရဲ့ System မှာလည်း Default အနေနဲ့ ရှိနေတာ
မှန်ပေမယ့် အကယ်လို့ သင်ဟာ သင့်ကွန်ပျူတာကို Driver Pack
နဲ့ Driver Update လုပ်ထားတာဆိုရင် ပိုသိသာပါလိမ့်မယ်။ သင့်
ရဲ့ Task Manager ကို ဖွင့်ကြည့်လိုက်ပါ။ runouce.exe နဲ့
Reservx.exe ဆိုတဲ့ နှစ်ကောင်က RAM, CPU ရဲ့ Process တော်
တော် စားနေတာကိုတွေ့ရပါလိမ့်မယ်။ အကယ်လို့ သင်ဟာ Driver
ကို Driver Pack မသုံးပဲ Original Driver CD သို့မဟုတ် ၀န်လိုင်းက
နေ Official ဒေါင်းပီး တင်ထားတဲ့စက်ဆိုရင် သင့်ရဲ့ ကွန်ပျူတာထဲမှာ
ထိုနှစ်ကောင်က Process အများကြီးမယူထားတာကိုတွေ့ရမှာဖြစ်သလို
တစ်ချို့စက်တွေမှာ လုံးဝတွေ့ရမှာမဟုတ်ပါဘူး။ ဒါဟာလည်း ကျွန်တော်
ကိုယ်တိုင်း စက်တော်တော်များများကို စမ်းသပ်ထားပါတယ်။ဒီနေရာမှာ
ဘယ်အပိုင်းကနေအဓိက၀င်သလည်းဆိုတော့ တစ်ချို့ Driver တွေကို
Install လုပ်နေချိန်မှာ Continue Install Anyway ဆိုတဲ့ Message Box
ပေါ်လာတဲ့အချိန်မှာ အများဆုံးညိတတ်ပါတယ်။ ဒီတော့ သင်ကော ဘယ်
လိုနည်းလမ်းဖြင့် သင့်ရဲ့ ကွန်ပျူတာ Driver ကို သွင်းမလည်း…….

အကြံပြုချက်…..
 ကျွန်တော့်ဘလော့ထဲမှာပဲ Driver pack နဲ့ မိမိစက်ထဲက Driver တွေကို
ဘယ်လို Backup လုပ်ထားမလည်းဆိုတာလေး အကြောင်းရေးပေးထား
ထိုနည်းကို မလုပ်ဆောင်ရင် အရင်ဆုံးမိမိစက်ကို Anti
Virus နဲ့အရင်စစ်ဆေးပီး လ်ုပဆောင်ပါလို့ အကြံပြုပါရစေ

အားလုံးကို အစဉ်လေးစားလျှက်
Cristiano Zarni@ဦးဇာနည်



No comments:

Post a Comment