Sunday, December 14, 2014

"dwm.exe" Process ဆိုတာဘာလည်း ?

"dwm.exe" Process ဆိုတာဘာလည်း ?


ကဲ.. အားလုံးပဲ ၀င်းဒိုးအသုံးပြုသူတိုင်း Task Manager ကို
ကောင်းကောင်း အသုံးပြုသူတိုင်း သိကြမှာပါ။ သူကတော့
Desktop Window Manager ဆိုတဲ့ Process ပဲဖြစ်ပါတယ်။
သူဘယ်လိုအလုပ်လုပ်သလည်း…..
အဓိက ကတော့ Window ရဲ့ Desktop Themes တွေကနေ
အဓိက နေရာယူပြီး Explorer ပေါ်မှာ အများဆုံး တက်ပြီး Run
နေတာဖြစ်ပါတယ်။ တစ်ခါတစ်လေ စက်က အရမ်းလေးကန်လာ
တာမျိုးတွေလည်းကြုံတွေ့ရမှာပါ. အထူးသဖြင့် Desktop ကို
အလှအပကြိုက်တဲ့ ကိုကို မမတွေပို ခံစားရမှာပါ…
RAM ပေါ်မှာ Size ဘယ်လောက်ယူနေသလည်း…..



သူ့ရဲ့ Process မှာ Memory ပေါ်ယူထားတဲ့ ပမာဏက 30MB
ကနေ 50MB လောက်ထိနေရာယူထားတတ်ပါတယ်။ဒီလိုအခြေ
အနေရောက်လာပြီဆိုရင်တော့ သင့်စက်ဟာ Performance အနည်း
ငယ်ကျဆင်းလာမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ 9000 နဲ့ 10000
K ကြားပဲယူပါတယ်။
ဒီ Process ကို ဘယ်လိုပိတ်မလည်း……
လွယ်ပါတယ်။ အရင်ဆုံး Run Box ထဲကနေ "services.msc" လို့
ရိုကလိုက်ပါမယ်။



ဒါဆိုရင်တော့အောက်ပါပုံအတိုင်း



Services ဆိုတဲ့ Box ပေါ်လာရင် Desktop Window Manager
Session Manager ဆိုတဲ့ Services ကို Right Click နှိပ်ပြီး
Properties ထဲကိုဝင်လိုက်ပါမယ်။ပြီးသွားရင်တော့



အထက်ပါပုံအတိုင်းမှ လက်ရှိဖြစ်နေတဲ့ Automatic ဆိုတာကို
Disabled လို့ရွေးပေးလိုကပါမယ်။ ထို့နောက်တော့ Apply/
OK နှိပ်ပေးလိုက်ပါမယ်။ဒီလိုဆိုရင် Services Mode ထဲကနေလုပ်
ဆောင်လို့ပြီးသွားပါပြီ။ အကယ်လို့ သင်ဟာ Services Mode ထဲ
ကနေ မလုပ်ချင်ဘူးဆိုရင်လည်း CLI (Command Line Interface)
Mode ထဲကနေလုပ်မယ်ဆိုရင်တော့ CMD ကို ဖွင့်လိက်ပါမယ်။
ထို့နောက်တော့ ရိုကရမယ့် Command က >net stop uxsms



ဆိုပြီး အထက်ပါပုံအတိုင်းရိုက်ရမှာဖြစ်ပါတယ်။ ထို့နောက် ထပ်ရိုက်
ရမယ့် Command ကတော့ >sc config uxsms start= disabled



ဆိုပြီးတော့ဖြစ်ပါတယ်။ ဒါဆိုရင်သင့်ရဲ့ Task Manager ကိုပြန်
ဖွင့်ကြည့်တဲ့အခါ ထို dwm.exe ဆိုတဲ့ Services မရှိတော့ဘူး
ဆိုတာကိုတွေ့မြင်ရမှာပါ။အကယ်လို့ သင်ဟာ ပြန်ပြီးဖွင့်ချင်တယ်
ဆိုရင်တော့ရိုက်ရမယ့် Command တွေက
>net start uxsms နဲ့
>sc config uxsms start= auto
တို့ပဲဖြစ်ပါတယ်။
ဒီ Process ကိုပိတ်လိုက်လို့ ဘာတွေဆိုးကြိုးဖြစ်မလည်း…..
ဘာမှ မဖြစ်ပါဘူး ယခင် ထို Services ကိုဖွင့်ထားတဲ့အခါမှာ သင်
အသုံးပြုနေတဲ့ Program တွေ ဖွင့်ထားတဲ့ Folder တွေကို Pointer
လေးတင်တဲ့အခါမှာ Shadow အနေနဲ့ Shade လေးတွေဖော်ပြပေး
တာလေးပဲ မမြင်ရတော့မှာဖြစ်ပါတယ်။ ဒါဟာလည်း သင့်စက်ကို
ပေါ့ပါးစေမယ့်အချက်ဆိုလည်း လုံးဝမမှားပါဘူး… ကဲ….အားလုံးပဲ
အဆင်ပြေကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ယခုရေးသားသော
Post နှင့်ပတ်သက်ပြီး မရှင်းလင်းပါက ကျွန်တော် ဦးဇာနည်ထံတွင်
အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
လေးစားစွာဖြင့်

Cristiano Zarni@ဦးဇာနည်

No comments:

Post a Comment