Unshield Twisted Pair Cable ကို IEEE ရဲ့ Ethernet specification အရ ပြောမယ်ဆိုရင် 10BaseT လို့ ခေါ်ပါတယ်။ ဆိုလိုတာက 10Mbps ကို အခြေခံထားတဲ့ UTP ပါ။ ၄င်း cable ရဲ့ segment အလျားက 100m(328inches) ရှိပါတယ်။ UTP Cable တွေကို Category 1 ကနေ Category 6 အထိ ခွဲခြားသတ်မှတ် ထားပါတယ်။Cat1 , Cat 6 စသဖြင့်လည်းခေါ်ဝေါကြပါတယ်။
Category 1
Telephone ကြိုးအဖြစ် အသုံးပြုကြပါတယ်။ ၄င်းက Voice တွေကိုပဲ သယ်ဆောင်နိုင်ပြီး Data တွေကိုတော့ မသယ်ဆောင် နိုင်ပါဘူး။
Category 2
၎င်းက Wire ၄ စုံပါပါတယ်။ Bandwidth က 4Mbps အထိပဲရလို့ အရမ်းနှေးကွေးလွန်းတာကြောင့် အသုံးပြုမှုနည်းပါးခဲ့ပါ တယ်။
Category 3
Bandwidth က 10Mbps ကနေ 16 Mbps ထိရပါတယ်။ Data Grade cable ဖြစ်ပေမယ့် Telephone တွေမှာပဲ စံအဖြစ် အသုံးပြုကြပါတယ်။
Category 4
Bandwidth က 16 Mbps ကနေ 20Mbps လောက်ထိရပါတယ်။ ၄င်းကိုတော့ Voice ထက်စာရင် Data တွေကို Transfer လုပ်ဖို့အတွက် သုံးပါတယ်။
Category 5
Bandwidth က 100 Mbps ရပါတယ်။ Ethernet Cabling system မှာ ဒီတစ်မျိုးထဲကိုပဲ အဓိကထားသုံးကြ ပါတယ်။
Category 5e
Bandwidth က 100Mbps ကနေ 1000Mbps ထိရပါတယ်။ အလယ်လတ်တန်းစား Network Company တွေမှာ အသုံးပြုကြပါတယ်။
Category 6
Bandwidth က 1000 Mbps အပြည့်အ၀ရပါတယ်။ သူကတော့ Data Grade Cabling system ဖြစ်ပါတယ်။
No comments:
Post a Comment